Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ် စညှင်းရွာတွင် စစ်ကောင်စီတပ် ရိက္ခာချရန်အတွက် ယာယီဆောင် ၂ ခုတည်ဆောက်ထား

မြေပုံမြို့နယ် စညှင်းရွာတွင် စစ်ကောင်စီတပ် ရိက္ခာချရန်အတွက် ယာယီဆောင် ၂ ခုတည်ဆောက်ထား

ABN-ဟိန်းထွန်း

အောက်တိုဘာ ၁၂ ရက်

ရခိုင်ပြည်၊ မြေပုံမြို့နယ် စညှင်းကျေးရွာတွင် စကစမှ ရိက္ခာချရန်အတွက် ယာယီအဆောင် ၂ ခုတည်ဆောက်ထားကြောင်း သတင်းရရှိသည်။

အမ်းဖက်မှလာသည့် စကစ စစ်ကားများသည် စညှင်းဒုက္ခသည်စခန်း၏ ၁ မိုင်ခန့်အကွာတွင် ယာယီတဲ ၂ ဆောင်ဆောက်လုပ်ထားကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ABN သို့ပြောသည်။

“အမ်းဖက်ကလာတဲ့ စစ်ကားရဲ့ရိက္ခာတွေက စညှင်းဒုက္ခသည်စခန်းနဲ့ တစ်မိုင်လောက်မှာ ဆောက်လုပ်ထားပါတယ်၊ အဆောင်က ၂ ခုပါ” ဟု ဆိုသည်။

၎င်းယာယီတဲ ၂ ဆောင်ကို ယမန်နေ့ကစတင်ဆောက်လုပ်ခဲ့ပြီး ယနေ့တွင် စစ်ကားများမှ ရိက္ခာများ ချနေကြောင်း သိရသည်။

လက်ရှိတွင် ဆန်အိတ် ၁၀၀ ကျော်ပါသည့် ရိက္ခာများကို ထိုယာယီတဲတွင် ချနေကြောင်း ၎င်းမှဆက်၍ ပြောသည်။

“ဆန်အိတ် ၁၀၀ ​ကျော်ပါတဲ့ ကားတွေက အဲ့ဒီယာယီတဲမှာ ချနေပါတယ်၊ အရင်ဆိုရင်တစ်ခါတည်းယူသွားတာ၊ ဘာတွေလုပ်နေကြလဲတော့ မသိဘူး” ဟု ဆိုသည်။

စညှင်းလမ်းတစ်လျှောက်တွင်လည်း စစ်ကားများ သွားလာမှုရှိနေပြီး နှစ်ဖက်တိုက်ပွဲဖြစ်လာမည်ကို ရွာသားများ စိုးရိမ်လျက်ရှိကြောင်း နောက်ထပ် ရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ခန့်သည် နေ့တိုင်းနီးပါး စညှင်းရွာအတွင်း ဝင်ရောက်သွားလာမှုများရှိနေကြောင်းသိရသည်။

စညှင်းရွာတောင်ပေါ်တွင်လည်း စစ်ကောင်စီတပ် တပ်စွဲထားသည့် အတွက် တိုက်ပွဲတစ်စုံတစ်ရာဖြစ်လာလျှင် လမ်းပိတ်သွားမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ