Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ် စညှင်းတွင် စကစ တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားမှု ရှိလာသည့်အတွက် ပြည်သူများ စိုးရိမ်နေ

မြေပုံမြို့နယ် စညှင်းတွင် စကစ တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားမှု ရှိလာသည့်အတွက် ပြည်သူများ စိုးရိမ်နေ

ABN-ဟိန်းထွန်း

အောက်တိုဘာ ၇ ရက်

ရခိုင်ပြည်၊ မြေပုံမြို့နယ် စညှင်းကျေးရွာတွင် စကစတပ်ဖွဲ့ဝင်များ ဝင်ထွက်သွားလာလျက်ရှိနေပြီး စစ်ရေးလှုပ်ရှားမှုများလည်း ခတ်စိပ်စိပ်တွေ့လာနေရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စညှင်းရွာထဲသို့ နေ့တိုင်းလိုလို ရောက်ရှိလျက်ရှိပြီး ရပ်ရွာမှ အုပ်ချုပ်ရေးမှူးလည်း ထွက်ပြေးနေရကြောင်း သိရသည်။

“စကစတပ်ဖွဲ့ဝင်တွေက အခုတလော​ ရွာထဲကိုနေ့တိုင်းဝင်ပါတယ်၊ ဘာတွေလုပ်လဲတော့ မသိဘူး၊အုပ်ချုပ်ရေးမှူးတောင်ပြေးနေရတယ်” ဟု ဆိုသည်။

၎င်းတို့တပ်ဖွဲ့ဝင်များသည် ယူနီဖောင်းအပြည့်အစုံ၊ လက်နက်ခဲယမ်းအပြည့်ဖြင့် ၎င်းရွာထဲ​သို့ လာနေသည်မှာ ၄ ရက်​ရှိနေပြီဖြစ်ကြောင်း သိရသည်။

​ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ထိုရွာတွင် ရက္ခိုင့်တပ်တော် AA လည်းရောက်ရှိနေသည့်အတွက် စကစ တပ်ဖွဲ့ဝင်များ ၄ နာရီထိုးလို့ ရွာပြင်မထွက်ရင် နှစ်ဖက်တိုက်ပွဲ စစ်ရေးတင်းမာလာနိုင်သည်ဟု AA မှ ရာဇသံပေးထားကြောင်း ဆက်၍ ပြောသည်။

“AA လည်းရောက်နေပါတယ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထွက်လိုက်၊ ဝင်လိုက်လုပ်နေတယ်၊ စစ်ကောင်စီက ၄ နာရီထိုးလို့ ရွာပြင်မထွက်ရင် နှစ်ဖက်တိုက်ပွဲ ဖြစ်သွားနိုင်တယ်လို့ AA က ပြောလိုက်တယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အား ၃၀ ကျော်ခန့်နှင့် စညှင်းရွာသို့ ရောက်ရှိလာပြီး ၊ မည်သည့်ကိစ္စများလုပ်သွားသည်ကို တိတိကျကျ မသိရှိရပေ။

ယနေ့မှာလည်း ​စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝဘော်ကြီး ကျေးရွာသို့ ဆင်းသွားကြောင်း သိရသည်။

အနီးအနားရှိရွာများမှလည်း ပြည်သူများစွာလည်း စိုးရိမ်ထိတ်လန့်ရုံသာမက နီးစပ်ရာဆွေမျိုးအိမ်များသို့ ရှောင်နေကြရကြောင်း သိရသည်။

ယမန်နေ့ညကလည်း စညှင်းရွာ လမ်းဘေးနားက စစ်ကား ၁၀ ကျော် ဖြတ်သန်းသွားလာနေသည့်အတွက် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ