Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ် စညှင်းတောင်အခြေစိုက် ၅၄၄ ၊ ၄၆၂ တပ်ရင်းတို့မှလက်နက်ကြီး ပစ်ခတ်နေ ၊ စစ်ဘေးရှောင်များပုန်းနေရ

မြေပုံမြို့နယ် စညှင်းတောင်အခြေစိုက် ၅၄၄ ၊ ၄၆၂ တပ်ရင်းတို့မှလက်နက်ကြီး ပစ်ခတ်နေ ၊ စစ်ဘေးရှောင်များပုန်းနေရ

AB News- နိုဝင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ် စညှင်းရွာ၏ တောင်ကုန်းတွင် တပ်စွဲထားသော စကစ၏ ၅၄၄ ၊ ၄၆၂တပ်ရင်းများမှ လက်နက်ကြီး ပစ်ခတ်နေပြီး စစ်ဘေးရှောင်များ ပုန်းနေရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့မနက် ၆ နာရီမှ လက်ရှိသတင်းရေးသားနေသည့် အချိန်အထိ အဆက်မပြတ်ပစ်ခတ်နေကြောင်း သိရသည်။

၎င်းတပ်ရင်းအောက်တွင် စညှင်းစစ်ဘေးရှောင်စခန်းရှိနေသည့်အတွက် စစ်ဘေးရှောင်များ ပုန်းနေရကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“လက်နက်ကြီးတွေဆက်တိုက်ပစ်နေတယ်၊ စစ်ဘေးရှောင်တွေ ပုန်းနေရတယ်၊ ပြေးစရာလဲမရှိဘူး” ဟု ဆိုသည်။

စကစ များသည် ပြည်သူများသို့ဦးတည်ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်စိတ်မြင့်တက်လျက်ရှိနေကြကြောင်း သိရှိရသည်။

လက်ရှိတွင် ထိခိုက်ပျက်စီးမှုကိုမသိရှိရသည့်အတွက် ထိုကိစ္စများကို အတည်ပြုနိုင်ရန် AB News က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုရှိပါက AB News က ဆက်လက်ဖော်ပြပေးသွားမည်။

ပြီးခဲ့သည့် ယမန်နေ့ညက မင်းပြားကျိန်းတောင်မှ ပစ်ခတ်ခဲ့သည့်လက်နက်ကြီး ကျည်ကြောင့် အရပ်သားတစ်ချို့သေဆုံးပြီး အများအပြား ဒဏ်ရရှိခဲ့ကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ