
ABN-မေ ၁၂ ရက်
ယနေ့ နံနက်က မြေပုံမြို့နယ် ငမန်းရဲကျွန်း သင်္ဂနက်ရွာတွင် ကျန်နေခဲ့သည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက စက်လှေများဖြင့် သွားရောင် ယူဆောင်ခဲ့ကြောင်း သိရသည်။
ထိုမုန်းတိုင်းရှောင်ပြည်သူများအား မင်းပြားမြို့နယ် ကြပ်စင်ကျွန်းတွင် နေရာထိုင်ခင်းများ စီစဥ်ပေးထားကြောင်း သိရသည်။
ထို မင်းပြားမြို့နယ် ကြပ်စင်ကျွန်းတွင် မုန်းတိုင်းရှောင်ပြည်သူ ၂ သောင်းကျော်ခန့်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ငမန်းရဲကျွန်းမှ ပြည်သူများအား သွားရောက် ယူဆောင်ခဲ့သည်ကိုတွေ့ရစဥ်/ABN