Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် မိုခါကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းအပါအဝင် အဆောင်များ ပြန်လည် မဆောက်နိုင်​သေး၊ အငတ်ဘေးနှင့်ပါရင်ဆိုင်နေရ

ABN-ထက်မြတ်ခင်

ဇွန် ၂၃ရက်

ရခိုင်ပြည် မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် မိုခါကြောင့် ပျက်စီးသွားသည့် အဆောင်များကို ပြန်လည် မပြုပြင်နိုင်သေးကြောင်း စခန်းတာဝန်ခံက ပြောသည်။

မေလ ၁၄ရက်က တိုက်ခိုက်ခဲ့သည့် မိုခါဖျက်အားပြင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်တစ်ပြည်လုံးရှိမြို့နယ်အများစုမှာ ပျက်စီးဆုံးရှူံးမူများစွာရှိခဲ့ပြီး ၎င်းအထဲမှ မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်တွင် အဆောင် များအပြားပျက်စီးသွားကြောင်းသိရသည်။

ပျက်စီးသွားသည့် အဆောင်များကို ပြုပြင်ရန်အတွက် မည်သည့် အဖွဲ့စည်းကမှ ကယ်ဆယ်ရေး လာရောက်ပေးခြင်း မရှိသေးကြောင်းနှင့်ကိုယ်ထူကိုယ်ထစနစ်ဖြင့်လုပ်ကိုင်နေရပြီး ယခုအခါအငတ်ဘေးနှင့် ရင်ဆိုင်နေရကာ ၎င်းတို့၏နေရပ်သို့ပြန်သွားသူများလည်းရှိကြောင်း စခန်းတာဝန်ခံဦးညီဘုက ABNသို့ပြောသည်။

“ကျနော်တို့ အဆောင်တွေကိုကျတော့ ရှိတာလေးနဲ့ ဖြစ်သလိုပြုပြင်ထားရပါတယ်။ ကျနော်တို့အလုပ်က ရှိတစ်ရက် မရှိတစ်ရက်ဆိုတော့ ထမင်းစားဖို့တောင်းအတော်လေးအခက်ကြုံနေကျရတာပါ။ မုန်တိုင်းပြီးမှ နေရပ်ပြန်သွားတာ ၂ဆောင် ၃ဆောင်လောက်ရှိနေပြီ။ အဓိကတော့ ဘာအကူအညီမှ မရလို့ အငတ်ဘေးကြုံလာရလို့ပါ” ဟုပြောသည်။

မုန်တိုင်းကြောင့် ကမ်တောင်းကြီး စစ်ဘေးရှောင်ကလေးများအတွက် UNICEF မှ ဆောက်ပေးထားသည့် မူလတန်းကျောင်းပါ ပျက်စီးသွားကာ ယခုလက်ရှိအချိန်ထိ မပြုပြင်နိုင်သည့်အတွက် ကျောင်းမတက်ရသည့် ကလေးများစွာရှိနေသေးကြောင်း ၎င်းကဆက်ပြောသည်။

“ကျောင်းကမူလတန်း ကျောင်းကလေးပါ UNICEF ကဆောက်ပေးထားတာပါ မုန်တိုင်းနဲပါသွားတော့

ကျတော်တို့လည်း ကိုယ့်အိမ်နဲ့ကိုယ် ရှုပ်နေတော့ ကျောင်းကိုမပြုပြင်နိုင်သေးပါ၊ ကလေးတွေလည်းကျောင်းမတက်ရသေးပါဘူး” ဟုပြောသည်။

ကမ်ထောင်းကြီးစစ်ဘေးရှောင်စခန်းတွင်း နေထိုင်သူအများစုမှာ အမ်းမြို့နယ် ဒါလက်ချောင်းကျေးရွာများမှဖြစ်ပြီး အိမ်းထောင်စု စုစုပေါင်း ၂၁၆စု၊ လူဦးရေစုစုပေါင်း ၇၀၃ဦးရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ