Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ်မှ အမျိုးသားတစ်ဦး ငါးရှာရာ၌ ရေနစ်သေဆုံး

မြေပုံမြို့နယ်မှ အမျိုးသားတစ်ဦး ငါးရှာရာ၌ ရေနစ်သေဆုံး

ABN-ရှိုင်းမိုး

စက်တင်ဘာ ၆ရက်

ယမန်နေ့ နေ့လည် ၁နာရီကျော်အချိန်က မြေပုံ​မြို့နယ် ဝက်ခေါင်းရွာမှ အမျိုးသားတစ်ဦး ငါးရှာစဥ် ရေနစ်သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသွားသော အမျိုးသားသည် အဖ ဦးမောင်လှ၏ သား အသက် ၂၇ နှစ်အရွယ် ကိုအောင်အောင်ဖြိုးဖြစ်သည်။

သေဆုံးသူ အောင်အောင်ဖြိုးသည် ယမန်နေ့ နံနက် ၁၀ နာရီကျော်အချိန်က ရွာ၏ အနောက်ဘက် ၃မိုင်ခန့်ဝေးသော ၎င်းမိသားစုပိုင် ပုဇွန်ကန်တွင် ငါးရှာနေစဥ် ရုတ်တရက် ဝက်ရူးပြန်ရောဂါထဖောက်၍ ရေနစ်သေဆုံးခဲ့ကြောင်း ဝက်ခေါင်းအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းကပြောသည်။

“သူက ၁၀ နာရီလောက်က အိမ်ကငါးရှာထွက်သွားတယ်ပြောတယ်၊ သူက မကြာမကြာ သွားဖြစ်တယ်၊ ပုစွန်ကန်မှာရှာတာ၊ ပုဇွန်ကန်လည်းသူတို့မိသားစုပိုင်တာပါ၊ ငါးရှာနေရင်း ဝက်ရူပြန်ရောဂါပေါ်တယ်၊ ဒါကြောင့် ရေနစ်သေဆုံးသွားတာပါ၊ မဟုတ်ရင်သေမှာမဟုတ်ဘူး၊ သူရေကူးတတ်ပါတယ်၊ ရောဂါပိုချိန်ဆိုရင်တော့ ရေကူးလို့မရပါဘူး” ဟုပြောသည်။

၎င်းအား ယမန်နေ့ နေလည့် ၁နာရီကျာ်အချိန်က ရေ ၂ပေခန့်အနက်ရှိသည့် နေရာတွင် ရေနစ်သေဆုံးနေသည်ကို ကျွဲကျောင်းနေသော ရွာသားတစ်ဦးက တွေ့ရှိခဲ့ပြီး ရွာအုပ်ချုပ်ရေးမှူးနဲ့ မိသားစုဝင်များကို အကြောင်းကြားခဲ့သည်ဟုသိရသည်။

ကိုအောင်အောင်ဖြိုးမှာ မွေးရာပါ ဝက်ရူးပြန်ရောဂါရှိသူတစ်ဦးဖြစ်သည်။

သေဆုံးသူကို ယမန်နေ့ ညနေ ၅နာရီကျော်အချိန်က သင်္ဂြိုလ်ခဲ့သည်ဟုသိရသည်။

သြဂုတ်လ ၂၈ရက်နေ့ကလည်း အသက် ၂၈နှစ်အရွယ် မဝင်းနုသည် ချောင်းထဲ၌ ပုစွန်ရှာနေစဥ် ဝက်ရူးပြန်ရောဂါထ၍ ရေနစ်သေဆုံးခဲ့သည်။

စက်တင်ဘာလ ၁ရက်နေ့ကလည်း စစ်တွေ မင်းဂံ အကွက် ၈မှ အသက် ၁၃နှစ်အရွယ် မောင်နိုင်လင်းစိုးမှာ ရေကန်တွင် ရေကူးရာ၌ ရေနစ်သေဆုံးခဲ့သည်။

သြဂုတ်လ ၃၀ရက်နေ့ကလည်း အသက် ၈နှစ်အရွယ် မောင်အေးချမ်းသည် ဘက်ဟိုးကျင်းထဲမတော်တဆကျ၍ ရေနစ်သေနစ်သေဆုံးခဲ့သည်။

ရခိုင်တွင် ​ပြီးခဲ့သည့် သြဂုတ်လနှင့် ဇူလိုင်လအတွင်း ရေနစ်သေဆုံးသူ ၃၀ ကျော်အထိရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ