Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ်မှ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် အရပ်သား ၃ ဦး ၅ ရက်ကြာထိ သတင်းအစမရဘဲ ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ မြေပုံမြိုနယ် ဝက်ခေါင်းကျေးရွာမှ ဒေသခံအရပ်သား ၃ ဦးကို ပြီးခဲ့သည် အောက်တိုဘာလ ၁၇ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ရင်း ( ၃၇၉) မှ ဖမ်းဆီးယူသွားပြီးနောက် ၅ ရက်ကြာထိ သတင်းအစန မရဘဲ ပျောက်နေကြောင်း မိသာစုးနှင့် ရင်းနှီးသူတစ်ဦးက ABN ကိုပြောသည်။

ဖြစ်စဥ်မှာ ဖမ်းဆီးခံရသူ ၃ ဦးသည် မင်းပြားမြို့မှ ဆိုင်ကယ်ဖြင့် လာရာ မြေပုံ၊ မင်းပြား၊ ပေါက်တော် သုံးခွဆုံ လမ်းခွဲတွင် ( ၃၇၉) စစ်ကောင်စီတပ်ရင်းမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း အမည် မဖော်လိုသည့် မျက်မြင် ဒေသခံတစ်ဦးက ABN သို့ပြောသည်။

ဖမ်းဆီးခံရသူများမှာ မြေပုံမြိုနယ် ဝက်ခေါင်းကျေးရွာမှ အဖ ဦးငမဲချေ ၏သား ဦး အောင်ဝင်းစိုး အသက် ၂၆နှစ်၊ အဖ ဦးသိန်းမောင်၏သား မောင်သန်းညွန့် အသက် ၂၉ နှစ်နှင့် အဖ ဦးလှမြအောင်၏သား ဦးအောင်ဝေသိန်း တို့ ဖြစ်ကြသည်။

စစ်ကောင်စီတပ်မှ ဖမ်းယူသွားသည့် သူများနှင့် မိသားစုများမှာ ၅ ရက်ကြာသည့်တိုင် မည်သည့် သတင်းအစအနမှ မရဘဲ ဖြစ်နေသည့်အတွက် စိုးရိမ်ပူပန်နေကြကြောင်း ပြောသည်။

“ဖမ်းထားတာလည်း ၅ရက် ရှိနေပြီ။ ဘာသတင်းအစနမှ မရသေးဘူး တကယ်လို့ အပြစ်ရှိရင်ရှိတယ်၊ မရှိဘူးဆိုရင်လည်း မရှိဘူး မိသားစုကို အကြောင်းပြန်သင့်တာပေါ့။ ခုက ဘယ်ကိုခေါ်သွားမှန်းလဲ မသိဘူး။ ဘာအတွက်နဲ့ ဘာကြောင့် ဖမ်းတာလဲ မသိဘူး အခုလိုဖမ်းထားတော့ မိသားစုတွေက စိုးရိမ်နေကြတယ်” ဟု မိသားစုနှင့် ရင်းနှီးသူ တစ်ဦက ABN ကိုပြောသည်။

ပြီးခဲ့သည့် အောင်တိုဘာလအတွင်းကလည်း တောင်ကုတ်မြို့နယ် မအီမြို့နယ်မှ ဦးရေနိုင်စိန် အသက် ၅၂ နှစ်၊ ဦးတင်မောင်သန်း ၃၉နှစ်၊ ဦးညီပု ၄၄ နှစ်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြပြီး သတင်းအစအနမရဘဲ ဖြစ်နေသည်။

ထို့အပြင် ကျောက်ဖြူမြို့နယ် စေတီတောင် ရပ်ကွက် ဦးကျော်လှအောင် ၄၂နှစ်၊ မင်းပြားမြို့နယ် အောင်မြေကုန်းရပ်ကွက် ဦးကျော်နုမောင် ၄၉နှစ် ၊ အလယ်ပိုင်းရပ်ကွက် ဦးမောင်ထွန်း ၅၃နှစ်၊ စစ်တွေ စက်ရုံစု ရပ်ကွက် မှ ဦးမောင်ကျော်စိန် အသက် ၆၀၊ ဦးသန်းရွှေထွန်း အသက် ၃၉နှစ်၊ ကျောက်ဖြူ ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မောင်တော၊တောင်ကုတ်၊ အမ်း တို့တွင်လည်း အပြစ်မဲ့ ဒေသခံအရပ်သား တချို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည်။

မြေပုံမြို့နယ်မှ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် အရပ်သား ၃ ဦး ၅ ရက်ကြာထိ သတင်းအစမရဘဲ ပျောက်ဆုံးနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ