Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ်တွင် အဓမ္မပြုကျင့်ခံရပြီး အသတ်ခံထားရသည့် အမျိုးသမီးရုပ်အလောင်းတစ်ခုတွေ့ရှိ

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ င/ပသုန်ရွာမှ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံထားရသည့် အမျိုးသမီးရုပ်အလောင်း ၁ ခုအား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီက တွေ့ရှိခဲ့ကြောင်း ရွာသားတစ်ဦးက ABN ကို ပြောသည်။

အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရ၍ သေဆုံးသွားသူမှာ မြေပုံမြိုနယ်၊ င/ပသုန်ရွာမှ ဒေါ်မမြင့်ချေ အသက် ၅၀ နှစ်ဖြစ်ပြီး ၎င်းမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ င/ပသုန် ပိုက်ဆိပ် (တံငါရွာ) မှ ည ၇ နာရီခွဲခန့်တွင် မိတ်ဆွေ တစ်ဦး၏ မင်္ဂလာဆောင်ပွဲမှ ပြန်လာစဥ် လမ်းခုလတ်၌ အဓမ္မပြုကျင့် ခံခဲ့ရပြီး အသတ်ခံလိုက်ရခြင်း ဖြစ်နိုင်ကြောင်း ရွာသားများက ပြောသည်။

င/ပသုန်ရွာပိုက်ဆိပ် (တံငါရွာ) နှင့် ထိုဒေါ်မမြင့်ချေ (ကွယ်လွန်) နေထိုင်သည့် လယ်တဲမှာ ၂ မိုင်ခန့် ဝေးကွာကြောင်း သိရသည်။

သေဆုံးသူ၏ မျက်နှာတွင် လက်သီးဖြင့်ထိုးသတ်ခံရသည်ဟုယူဆရသည့် ဒဏ်ရာများ၊ ညာဖက်နားရွက်တွင် ဒဏ်ရာတစ်ခုနှင့် လည်ပင်းတွင် ကြိုးချည်သတ်ခံထားရသည့် ကြိုးစည်းရာ ဒဏ်ရာများရှိသည်ကို တွေ့ရှိရသည်။

ထို့အပြင် အလောင်းနှင့် ၃ ပေအကွာတွင် အမျိုးသမီးအား ကြိုးချည်သတ်ခဲ့သည်ဟုယူဆရသည့် ၆ ပေခန့်ရှည်သည့် ကြိုးတစ်ပင်အားတွေ့ရှိခဲ့ပြီး ၉ ပေအကွာတွင် သေဆုံးသူအမျိုးသမီး၏ ထမိန်ကို ဖက်ရံစူး(ရခိုင်အခေါ်) ချုံပေါ်တွင် တင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၉ ရက် နံနက် ၇ နာရီလောက်က ရွာပြင်မှာ အလောင်းကိုတွေ့တာပါ၊ အဲဒီနေ့ည ၈ နာရီလောက်ကတည်းက သေဆုံးနေတာဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းရပါတယ်၊ မျက်နှာမှာ လက်သီးထိုးဒဏ်ရာတွေရှိတယ်၊ ပြီးတော့ လည်ပင်းမှာ ကြိုးဆွဲသတ်ထားတဲ့ပုံစံမျိုးပါပဲ၊ လည်ပတ်ပတ်လည်မှာ ကြိုးစည်းရာရှိတယ် ဟု င/ပသုန် ရွာသားတစ်ဦးက ABN ကိုပြောသည်။

ယခုမှုခင်းဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပြီး သံသယတရားခံ ၄ ဦးအားလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရွာသားများပြောဆိုချက်အရသိရသည်။

မြေပုံမြို့နယ်တွင် အဓမ္မပြုကျင့်ခံရပြီး အသတ်ခံထားရသည့် အမျိုးသမီးရုပ်အလောင်းတစ်ခုတွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ