ရခိုင်ပြည် မြေပုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရဲတို့ ပူးပေါင်းကာ အရပ်သား ၅ ဦအားသေနတ်ဖြင့် ယနေ့နေ့လည် ၃ နာရီခန့်က ပစ်ခတ်ခြင်း ဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပစ်ခတ်ခြင်းခံခဲ့ရသူများမှာ မြေပုံမြို့နယ် အုန်းတောကျေးရွာမှ ဖြစ်ပြီး တောင်မော်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းအဝင်မုဋ္ဌ်ဝလုပ်ရန် ဘိလပ်မြေ သွားဝယ်စဉ် စစ်ကောင်စီတပ်သား ၄ ဥိီးနှငျ့ ရဲ ၁၀ ယောက် ပူးပေါင်းကာ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့သည်ဟု လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
ပစ်ခတ်မှု၌ ဒဏ်ရာရရှိသူမရှိဘဲ လွတ်မြောက်သွားသော်လည်း စစ်ကောင်စီတပ်များမှာ အုန်းတောရွာထဲဝင်ရောက်ကာ ယနေ့ညနေက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ ရွာထဲ ဝင်ရောက်ပြီး စစ်ဆေးစဥ် ခေါင်းဆောင်ဟု ထင်ရသူ တစ်ဦးက ညဖက်တွင် ဒရုန်းဖြင့် ရွာကို မီးရှို့မည်ဟု ပြောဆိုခဲ့သည်ဟု ရွာသားတစ်ဦးကပြောသည်။
“ရခိုင်တွေ တော်တော်လူညီတယ်၊ ညဖက် ဒရုန်းနဲ့ ပတ်ပြီး ရွာကိုမီးချို့ပစ်မယ်ဆိုပြီးတော့ သူတို့ခေါင်းဆောင်က ခြိမ်းခြောက်ခဲ့တယ်” ဟုပြောသည်။
မြေပုံမြိုနယ်တွင် စစ်ကောင်စီတပ်မှ ခရီးသွားပြည်သူများအား စစ်ဆေးမေးမြန်းမှုများရှိနေပြီး ခရီးသွားမည် ဆိုပါက ၎င်းတို့ထံမှ ထောက်ခံ စာ ယူပြီးမှ သွားလာနေကြရကြောင်း ဒေသခံများက ပြောသည်။