Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ်တွင် ကြိုးဆွဲချ၍ အမျိုးသားတစ်ဦး သေဆုံး

မြေပုံမြို့နယ်တွင် ကြိုးဆွဲချ၍ အမျိုးသားတစ်ဦး သေဆုံး

ABN-ရှိုင်းမိုး

အောက်တိုဘာ ၂၅ရက်

မြေပုံမြို့နယ် ကြက်ရေကြီးရွာတွင် ယနေ့ နေ့လည်ပိုင်း ၁နာရီကျော်အချိန်က ကြိုးဆွဲချ၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်ဟုသိရသည်။

သေဆုံးသူမှာ မြေပုံမြို့နယ် ဝက်ခေါင်းရွာမှ ဦးခိုင်သန်းမောင်၏သားဖြစ်သူ အသက် ၂၂နှစ်အရွယ် ကိုကျော်စိုးဌေး​ဖြစ်ကြောင်းသိရှိရသည်။

၎င်းသည် ယနေ့ နေ့လည်ပိုင်းက မယားဖြစ်သူ မရီရီဝင်းနဲ့စကားများကြပြီး ရွာအပြင်သို့ထွက်သွားကာ ရွာပြင်ရှိတဲ၌ ကြိုးဆွဲချ၍သေဆုံးနေသည်ကို တွေ့ရကြောင်း ကြက်ရေကြီးအုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်စိုးကပြောသည်။

“မယားနဲ့စကားနည်းနည်းများကြတယ်ပြောပါတယ်၊ ကျနော်သိရသလောက်တော့ သူတို့လင်မယားက စကားများနေကြပါပဲ၊ ရွာပြင်က တဲမှာသေနေတာပါ၊ သူက အရက်လည်းနည်းနည်းသောက်ပါတယ်” ဟုဆိုသည်။

ကိုကျော်စိုးဌေးသည် မြေပုံမြို့နယ် ဝက်ခေါင်းရွာမှဖြစ်ပြီး လက်ရှိနေထိုင်သော ကြက်ရေကြီးရွာတွင် အိမ်ထောင်ကျနေ​​ကြောင်းသိရှိရသည်။

ကိုကျော်စိုးဌေးမှာ သားသမီးမရှိသေးသော်လည်း လက်ရှိတွင် ဇနီးဖြစ်သူမှာ ကိုယ်ဝန်၆လရှိပြီးဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှသိရသည်။

အောက်တိုဘာလ ၂၄ရက်နေ့ကလည်း မင်းပြားမြို့နယ် မေလွမ်းရွာတွင် အသက် ၇၅နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ၍သေဆုံးခဲ့သည်။

အောက်တိုဘာလ ၂၁ရက်နေ့ကလည်း မြောက်ဦးမြို့ရှိ ဘုရားပေါ်ရပ်ကွက်မှ အသက် ၁၃နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချ၍သေဆုံးခဲ့သည်။

အောက်တိုဘာလ ၂ရက်နေ့ကလည်း စစ်တွေမြို့ဓညဝတီရပ်ကွက်မှ စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ