Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ထပ်မံတိုက်ခိုက်၊ ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ၊ ဆေးရုံလည်း ပြိုကျပျက်စီး

AB News – မတ်လ ၂၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ် သရက်တောင်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပုဇွန်ကန်ထဲတွင်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကာ ဆေးရုံလည်း ပြိုကျပျက်စီးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ  မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းကျေးရွာမှ အသက် (၅၇)နှစ်အရွယ်   ဦးစိုးမြအောင် နှင့် သရက်တောင်ရွာမှ အသက် ၃၀ ကျော်အရွယ်(အမည်မသိရသေး)သူဖြစ်ပြီး ဒဏ်ရာရရှိသူမှာလည်း၎င်းရွာမှဖြစ်ကြောင်းသိရသည်။

ဦးစိုးမြအောင်မှာ ပုဇွန်ကန်တွင် အငှားလုပ်ကိုင်နေသူ ဖြစ်ကြောင်း ရွာသားများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယနေ့ မတ်လ၂၃ ရက်နေ့လည် ၁၂ နာရီကျော်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် သရက်တောင်ရွာတဝိုက်သို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပုဇွန်မွေးမြူရေးတာထဲ တွင်ရှိနေသာ လူများ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံး ၄ လုံးချသွားတယ်။ ပုဇွန်ကန်ထဲမှာရှိနေတဲ့ ၂ယောက်သေသွားတယ်။  တစ်ယောက်က ဒဏ်ရာရသွားတယ်” ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွာများသို့ဗုံးကြဲနေသည့်အတွက်ကြောင့် ဒေသခံပြည်သူများထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။

စစ်ကောင်စီ၏လေကြောင်းရန်ကြောင့် အသက်အန္တရာယ်စိုးရိမ်မှုရှိနေသည်သာမက စားဝတ်နေရေးအခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဆက်ပြောသည်။

“လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက အသက်အန္တရာယ်စိုးရိမ်နေရပါတယ်။ အလုပ်ထဲသွားလည်း ဗုံးကြဲမှာကိုကြောက်နေရတယ်။ ဗုံးလာကြဲနေတော့ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရုန်းကန်နေရတယ် ” ဟု ဆိုသည်။

ယမန်နေ့ မတ်လ ၂၂ ရက်၊ နေ့လည် ၁၂ နာရီ  ကျော်တွင်လည်း စစ်ကောင်စီက မြေပုံမြို့နယ် ညောင်ကန်ကျေးရွာသို့ ဂျက်ဖိုက်တာ ၂ စီးဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဟန်း ၁ ပါး၊ ကိုရင်ငယ် ၁ ပါးအပါအဝင် အရပ်သား​ ၅ ဦးထက်မနည်းဒဏ်ရာရရှိပြီး  အိမ်ခြေအများအပြားပျက်စီးသွားခဲ့ရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏  လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လာမှုကြောင့် ဒေသခံပြည်သူများသေဆုံးမှု များပြားလာပြီး ဒဏ်ရာရရှိသူလည်း နေ့စဥ်ရက်ဆက်တိုးလာနေသည်ကိုတွေ့ရသည်။

ယခုညနေအထိ သရက်တောင်ရွာထဲတွင် မီးလောင်ကျွမ်းလျက်ရှိနေပြီး ဒေသခံပြည်သူများ မီးငြိမ်းသတ်နေကြောင်း သိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ