Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံနှင့် ကျောက်ဖြူတို့တွင် စစ်ကောင်စီတပ်မှ အရပ်သား ၆ ဦးနှင့် ဘုတ်တစ်စီးအား ဖမ်းဆီးထား

ရခိုင်ပြည်၊ မြေပုံမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ အရပ်သား ၆ ဦး နှင့် ဘုတ်တစ်စီး အား မနေ့က ဖမ်းဆီးသွားကြာင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ မြေပုံမြိုနယ် ကြက်ရေရပ်ကျေးရွာမှ ဦးလှသိန်း၏ ဘုတ်အားငှားလာသော အမ်းမြို့နယ်မှ အရပ်သားသုံးဦးဖြစ်ကြောင်းသိရသည်။

သူတို့မှာ အမ်းမြို့နယ် ကဇုကိုင်းရွာမှ ဦးမောင်သိန်းနု ၏ သား ဦးရေနိုင်စိန် ၅၂ နှစ်၊ ဦးဘအုန်း၏သား ဦးတင်မောင်သန်း ၃၉ နှစ်၊ ဦးစောဖြူ၏သား ဦးညီပု ၄၄ နှစ်တို့ဖြစ်ပြီး၎င်းတို့အား စစ်ကောင်စီတပ်သား ၆ ဦးက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သူတို့ ၃ ဦးမှာ ဆန်အိတ် ၂၀ နှင့် စားသုံးဆီ ၆ ဗူးတို့ကို ဘုတ်ဖြင့်သယ်ဆောင်လာစဥ် နိုဝင်ဘာလ ၅ ရက်နေ့ ညည့် ၃ နာရီကျော်က စကစတပ်မှ မြေပုံမြို့ သင်္ဘောဆိပ်ကမ်းအနီးမြစ်ထဲတွင် လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ထို ၃ ဦးအား မြေပုံမြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကာ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက် မှ မောင်ရာဇာချစ် ၂၂ နှစ် အား ULA/AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်မှ နိုဝင်ဘာလ ၅ ရက် ညနေ ၅ နာရီခန့်က အိမ်တွင်လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယင်းနေ့တွင်ပင် ကျောက်ဖြူမြို့နယ် မဲနယ်တောင် ရွာမှ ဦးမောင်သိန်းတင်နှင့် ဦးတင်အောင်တို့အား ယမန်နေ့ည ၃ နာရီနှင့် ၉ နာရီကျော်ကြားတွင် ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့အပြင် မဲနယ်တောင်ရွာသို့ ညည့် ၉ နာရီတွင် စစ်ကောင်စီတပ်မှ စစ်သားအင်အား ၅၀ ခန့်နှင့် စစ်ကား ၂ စီး ဝင်ရောက်ကာ ရှာဖွေစစ်ဆေးမှုများရှိခဲ့ပြီး နေအိမ်များအား ဖျက်ဆီးမှုများကိုလည်း ပြုလုပ်ခဲ့ကြကြောင်းရွာသူ/သားများ သတင်းပေးချက်အရ သိရသည်။

ယခုလ နိုဝင်ဘာလအတွင်း ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ မောင်တော မင်းပြားနှင့် မြေပုံမြို့များတွင် စစ်ကောင်စီတပ်မှ အရပ်သား ဦးရေ စုစုပေါင်း ၁၇ ဦးခန့်ကို ဖမ်းဆီးထားပြီး ၎င်းတို့ အားလုံးမှာ ပြန်လည်လွတ်မြောက်လာကြခြင်းမရှိကြသေးပေ။

မြေပုံနှင့် ကျောက်ဖြူတို့တွင် စစ်ကောင်စီတပ်မှ အရပ်သား ၆ ဦးနှင့် ဘုတ်တစ်စီးအား ဖမ်းဆီးထား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ