Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံနယ် ကျေးရွာများတွင်းသို့ ဝင်ရောက်၍ ယနေ့ ၁၁ နာရီကျော်မှစကာ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု စစ်ကောင်စီတပ်မှပြော

ရခိုင်ပြည်၊ မြေပုံမြို့နယ်တွင် မြိုနှင့် အနီးတဝိုက်ရှိရွာများကို စစ်ကောင်စီတပ်မှ ယနေ့ နိုဝင်ဘာ ၁၀ ရက်‌နေ့ နေ့လယ် ၁၁ နာရီ ခွဲလောက်မှစကာ ဖမ်းဆီးစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဟု ဒေသသတင်းရင်းမြစ်များထံ မှ သိရသည်။ သို့သော်လည်း နေ့လယ် ၁၂ နာရီကျော်ချိန်ထိ စစ်ဆေးမှု မရှိသေးကြောင်း သိရသည်။

‌‌မြေပုံမြို့နှင့် အနီးတဝိုက်တွင် တောင်ရှည်ပြင်၊ ခမောင်းတော၊ ဝက်ခေါင်း၊ ဒဂုံ၊ ကံသာ၊ ခေါင်းဖြူ၊ ပဲကောက်၊ ကျောက်တန်း၊ ထူးချေ စသည့်ရွာများ ရှိကြသသည်။

မြေပုံမြိုနယ် ခေါင်းဖြူရွာနှင့် ကံသာရွာတိုတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များမှာ ယခုနှစ် ပြီးခဲ့သည့် ဩဂုတ်လမှ စတင်ကာ မြေပုံမြို့သို့ သွားလာကြသော အရပ်သားပြည်သူများအား ကုန်းလမ်း ရေလမ်းနှစ်ဖက်စလုံးမှ ပိတ်ဆို့စစ်ဆေးမှုများအား ပြုလုပ်လျက်ရှိသည့် အပြင် ကျေးရွာများတွင်းသို့ မကြာဏ ဝင်ရာက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

အရပ်သားပြည်သူများမှာ မြို့နှင့် အနီးအနားရွာများသို့ သွားလာမည်ဆိုပါက ဂိတ်ချထားသော စစ်ကောင်စီတပ်သားများထံတွင် တိုင်ကြားပြီး ထောက်ခံစာ ရမှသာ သွားလာ၍ ရကြကြောင်း ‌ဒေ သခံရွာသားများကပြောသည်။

“ကျွန်မတို့က သူတို့ ခွင့်ပြုချက်မရရှိဘဲ ဘယ်မှသွားလို့မရဘူး၊ သွားမယ်ဆို သူတို့ဆီက ခွင့်ပြုချက်နှင့် ထောက်ခံစာရမှ သွားရတာ” ဟုဒေသခံတစ်ဦးက ပြောသည်။

ဝက်ခေါင်း၊ ဒဂုံ၊ ခမောင်းတော၊ တောင်ရှည်ပြင်၊ ကံသာ၊ ခေါင်းဖြူ၊ ပဲကောက်နှင့် ကျောက်တန်းရွာများမှာ မင်းပြား-မြေပုံကားလမ်း တလျှောက်တွင် တည်ရှိကြပြီး မြေပုံမြို့ကို အဓိက အားထားနေရသော ရွာများဖြစ်သည်။

စစ်ကောင်စီတပ်မှ ထိုသို့ စစ်ဆေးမှုများအပြင် မြေပုံမြို့ နတလ ရုံးဗုံးဖောက်ခွဲခံခဲ့ရသည့် အချိန်မှ စကာ မင်းပြား-မြေပုံ ကားလမ်းကိုပါ ပိတ်ဆို့မှုများ ရှိနေသောကြောင့် ၎င်းရွာများမှ ရွာသူရွာသားများမှာ အခက်ကြုံလျက်ရှိနေကြသည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ နံနက် ၃ နာရီခန့်တွင် ကို သန်းဇော်ဦး (တံငါသည်) ၃၆ နှစ်ခန့်အား ငါးရှာအထွက် နတလရုံး (ဗုံးခွဲခံခဲ့ရ)အနီးတွင် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

ဖမ်းဆီးခံခဲ့ရသူအား မင်္သကာ၍ ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ယနေ့ ၁၁ နာရီ မိနစ် ၂၀ တွင် ပြန်လည်လွှတ်ပေး ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားပြည်သူများအား နေ့ရော့ ညည့်ပါ လိုက်လံ ဖမ်းဆီးနေပြီး ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ တရားစွဲဆိုမှုများ ယခုလများအတွင်း ပို၍ များလာနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ