Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံနယ်တွင် ထင်းခုတ်သွားရာမှ စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ဒေသခံ ၁ ဦးသေဆုံး
ထင်းခုတ်သွားရာမှ စစ်ကောင်စီအဖွဲ့ ထောင်ထားခဲ့သည့် စစ်ကျန်မိုင်းနင်မိ၍ သေဆုံးသွားသည့် အမျိုးသားအား တွေ့ရစဥ်

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ မြိုင်သာယာရွာမှ အမျိုသားတစ်ဦးသည် ထင်းခုတ်သွားစဥ် စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းကိုနင်းမိပြီး သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ မြေပုံမြို့နယ်၊ မြိုင်သာယာရွာမှ အသက် ၈၀ နှစ်အရွယ် ဦးမောင်သာနု ဖြစ်ကြောင်းသိရသည်။

ဦးမောင်သာနုသည် ယနေ့ မေလ ၁၇ ရက်၊ နံနက် ၇ နာရီကျော်တွင် မြိိုင်သာယာရွာမှ နေပြီး တောဖက်သို့ ထင်းခုတ်ရန်သွားစဥ် ကားလမ်းမဘေး၌ ထောင်ထားသည့် စစ်ကောင်စီ၏ မိုင်းကိုနင်းမိပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” သူက ရွာရဲ့အရှေ့ဖက်ကို ထင်းခုတ်ဖို့သွားပါတယ်။ ကားလမ်းအနီးမှာထောင်ထားတဲ့ စစ်ကောင်စီရဲ့ မိုင်းကိုနင်းမိသွားတယ်။ ခြေ ၂ ဖက်လုံးပြတ်ပြီးသေဆုံးသွားတယ် “ဟုဆိုသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ခြေ ၂ ဖက်လုံးပြတ်ထွက်သွားကာ သွေးထွက်လွန်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် မြေပုံမြို့နယ်၊ ယိုးချောင်းတံတား ဂိတ်တွင်တပ်စွဲစဥ်က အနီးအနားရှိရွာများနှင့် ကားလမ်းများတွင် မိုင်းများထောင်ထားခဲ့ကြောင်း ​ဒေသခံများ ပြောပြချက်အရသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ရက်၊ နံနက် ၉နာရီ ကျော်တွင်လည်း စစ်ကောင်စီအဖွဲ့ထောင်ထားခဲ့သည့် မိုင်းနင်းမိပြီး မြေပုံမြို့နယ်မှ အမျိုးသား ၁ဦး ဒဏ်ရာပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် မင်းပြားမြို့နယ်၊ ဆင်ကြီးပြင် ရွာမှ ဦးအောင်သိန်းလှိုင်သည် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့တွင် ရွာအနောက်ဘက်ရှိတောင်ပေါ်သို့ ထင်းခုတ်ရန်သွားစဉ် မြေမြှုပ်မိုင်းနင်းမိမှုကြောင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

တကျော့ပြန် ရက္ခိုင်စစ်ပွဲကာလအတွင်း ရသေ့တောင်၊ မောင်တော၊ မင်းပြား၊ ကျောက်ဖြူ၊ မြေပုံ၊ ကျောက်တော်၊ ဘူးသီးတောင်၊ အမ်းမြို့နယ်တို့တွင် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးသူများပြားလာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ