Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံနယ်တွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး ကျည်ထိမှန်ပြီး ဒေသခံ ၁ ဦးဒဏ်ရာရ

မြေပုံနယ်တွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး ကျည်ထိမှန်ပြီး ဒေသခံ ၁ ဦးဒဏ်ရာရ

AB News – မတ်လ ၃၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ် အင်ကြင်းရွာကို အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူမှာ မြေပုံမြို့နယ် အင်ကြင်းရွာမှ အသက် ၆၃ နှစ်အရွယ် ဦးကျော်သောင်း ဖြစ်သည်။

ယမန်နေ့မတ်လ ၂၉ ရက်၊ နံနက်ပိုင်း ၁၀ နာရီကျော်တွင် စညှင်းတောင်တွင် တပ်စွဲထားသည့် စကခ ၅ လက်အောက်ခံ ခမရ ၅၄၄ တပ်ရင်းက အနီးအနားပတ်ဝန်းကျင်သို့ ပစ်ခတ်ခဲ့သည်။

လက်နက်ကြီး ၁ လုံးမှာ အင်ကြင်းကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“စညှင်းတောင်က တပ်က လက်နက်ကြီးနဲ့ပစ်ပါတယ်။ ၁ လုံးက ရွာထဲမှာ ကျရောက်ပေါက်ကွယ်တယ်။ သက်ကြီးပိုင်အဖိုးတစ်ယောက် ဒဏ်ရာရသွားတယ်” ဟုဆိုသည်။

ဦးကျော်သောင်း၏ နောက်ကျောကုန်းတွင် ကျည်ထိမှန် ဒဏ်ရရသွားကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၂၉ ရက်၊ နံနက် ၁၀ နာရီကျော်တွင် အကြမ်းဖက် စစ်ကောင်စီ၏ မြေပြင်တပ်နှင့် နေဗီပေါ်မှ လက်နက်ကြီးဖြင့် ကမ်းထောင်းကြီးမြို့ကိုပစ်ခတ်မှုကြောင့်  ပြည်သူ ၅ ဦးဒဏ်ရာရ ရရှိခဲ့ပြီး၂ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေရကြောင်း သိရသည်။

ထို့အပြင် မတ်လ ၂၉ ရက်၊ ည ၁၁ နာရီကျော်တွင် ဂျက်ဖိုက်တာ ၃ စီးဖြင့် သေကံရွာသို့ ဗုံးအလုံးရေ ၁၀ ကျော် ထက်မနည်း ကြဲချခဲ့ရာ  ဆရာတော် ၁ ပါးအပါအဝင် ပြည်သူ ၁ ဦးဒဏ်ရာရရှိပြီး နေအိမ် ၁၁ ဆောင်ပျက်စီးခဲ့ရသည်။

ယနေ့မနက်ကလည်း ရမ်းဗြဲမြို့ကို စစ်ကောင်စီက Jet Fighter ၂ စင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဆယ်ကျော်သက်အရွယ် အမျိုးသား တစ်ဦးသေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်ထိန်းချုပ် နယ်မြေများသို့ နေ့စဥ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်လာနေသည့်အတွက် ပြည်သူများ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ