သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံနယ်တွင် ဂဏန်းမြုံးထောင်သည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

မြေပုံနယ်တွင် ဂဏန်းမြုံးထောင်သည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ABN-ရှိုင်းမိုး

စက်တင်ဘာ ၂၃ရက်

စက်တင်ဘာလ ၂၁ရက်နေ့ နေ့လည် ၃နာရီကျော်အချိန်က မြေပုံမြို့နယ် ကြက်ရေကြီးရွာမှ အမျိုးသားတစ်ဦး ဂဏန်းမြုံးထောင်သွားရာတွင် ရေနစ်သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသွားသောအမျိုးသားသည် မြေပုံမြို့နယ် ကြက်ရေကြီးရွာမှ အဖ ဦးစောလှမောင်၏သား အသက် ၅၀အရွယ် ဦးအောင်နိုင်ဦးဖြစ်ကြောင်းသိရသည်။

၎င်းသည် စက်တင်ဘာလ ၂၁ရက်နေ့ ညနေဘက်က ဂဏန်းမြုံးထောင်ရန်သွားရာတွင် ကြက်ရေကြီးရွာမှ ဦးမောင်တင်ဆန်း၏ ပုဇွန်ကန်တွင် ရေနစ်သေဆုံးခဲ့သည်ဟု ရွာခံသားတစ်ဦးကပြောသည်။

“သူက ဂဏန်းမြုံးထောင်တယ်၊ နေ့တိုင်းထောင်တာပါ၊ အဲဒီနေ့က ဘယ်လိုဖြစ်တာလဲတော့မသိဘူး၊ ရေကူးတတ်ပါတယ်၊ မောင်တင်ဆန်းပုဇွန်ကန်မှာရေမြုပ်သေနေပါတယ်” ဟုဆိုသည်။

၎င်းသည် ကျောက်တော်မြို့နယ် ယောချောင်းမှဖြစ်ပြီး မြေပုံမြို့နယ် ကြက်ရေကြီးရွာတွင် အိမ်ထောင်ကျနေသည်ဟုသိရသည်။

ရခိုင်တွင် သြဂုတ်လမှစ၍ ရေမြုပ်သေဆုံးသူ ၅၀ ကျော်အထိရှိလာသည်ဟု ABNမှစုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ