Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံတွင် ရဲဝန်ထမ်း ဇနီးများအား အခြေခံစစ်သင်တန်းပေးနေ

ABN – သူရမောင်

ရခိုင်ပြည်၊ မြေပုံမြို့ မြို့မ ရဲစခန်းမှ ရဲဝန်ထမ်း ဇနီးများအား အခြေခံစစ်သင်တန်း သင်တန်းပို့ချလျက်ရှိကြောင်း ခိုင်လုံသည့် သတင်းအထောက်အထားများအရ သိရသည်။

ရဲဝန်ထမ်း ဇနီးမယားများအား အခြေခံစစ်သင်တန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့မှစကာ ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ၂ ပတ်အကြာ မြေပုံမြို့နယ်၊ ထူးချေရွာအုပ်စု ကိုင်းတောချေတောင်တန်းတွင် ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်သည်။

ထို့အပြင် သေနတ်ပစ်သင်တန်းအတွင်း အခြေခံ စစ်ရေးပြသင်တန်းနှင့် လက်နက်ငယ်ပစ်သင်တန်းတို့ကို မွန်းမံသင်တန်းများအဖြစ် ထည့်သွင်းကာ လေ့ကျင့်ပေးနေခြင်းဖြစ်သည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ သင်တန်းနောက်ဆုံးနေ့ နေ့လည် ၂ နာရီအချိန်ထိ အခြေခံ သေနတ်ပစ်ခတ်သင်တန်းပို့ချထားသည့် ရဲဝန်ထမ်း ဇနီးများအား ကိုင်းတောချေတောင်တန်းတွင် လေ့ကျင့်ပစ်ခတ်မှုများကို လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

ထိုသို့သေနတ်ပစ်သင်တန်းပေးပို့နေခြင်းကြောင့် လေ့ကျင့်မှုလုပ်နေစဉ်အတွင်း ရပ်သူ၊ရွာသားများအနေဖြင့် ဘေးအန္တရာယ်ထိခိုက်မှုမဖြစ်စေရေးအတွက် လေ့ကျင့်ကွင်းအနီးပတ်ဝန်းကျင်သို့ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန်လည်း မြေပုံမြို့မ ရဲစခန်းမှ ထုတ်ပြန်အသိပေးထားသည်။

ထို့အပြင် ရခိုင်ပြည် ရသေ့တောင်မြို့တွင်လည်း ရဲဝန်ထမ်းဇနီးမယားများအား အဆိုပါလေ့ကျင့်ပစ်ခတ်မှုသင်တန်းများကို ပို့ချပေးနေလျက်ရှိနေကြောင်း ကြားသိရသည်။

ဓာတ်ပုံ-ပုံဟောင်းကို ပြုပြင်ထားခြင်းဖြစ်သည်။

မြေပုံတွင် ရဲဝန်ထမ်း ဇနီးများအား အခြေခံစစ်သင်တန်းပေးနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ