Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံတွင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့

မြေပုံတွင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့

AB News – နိုဝင်ဘာ ၂၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်တွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ ၂ ဖက်ထိတွေ့မှုဖြစ်ပြီး အပြန်အလှန် ၅ မိနစ်ခန့်ပစ်ခတ်ကာ စကစအဖွဲ့ဝင် ၁၀ ဦးအား ရှင်းလင်းသုတ်သင်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်တွင် မြေပုံကန်တော်ကြီး တောရကျောင်းအောက်ဖက်မှ ဆင်းလာသည့် စကစအဖွဲ့ဝင် ၁၂ ဦးအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စကစအဖွဲ့ဝင် ၁၀ ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” တောရကျောင်းဖက်က ၁၂ ဦးဆင်းလာတယ်၊ AAက ထိုးစစ်ဆင်တိုက်ခိုက်လို့ စကစတပ်သား ၁၀ ဦးကျသွားတယ်၊ ၂ဦးက ဒဏ်ရာရတယ် ” ဟု ဆိုသည်။

ဒဏ်ရာရသွားသည့် ၂ စကစအဖွဲ့ဝင် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်မှ ၅ မိနစ်ကြာ ထိုးစစ်ဆင်ထိတွေ့မှု ဖြစ်ပွားပြီးနောက် မြို့ထဲရှိ စကစအဖွဲ့များ၊ တောင်ဖလာ၊ ညောင်ပင်လယ်မှ စစ်ကစအဖွဲ့ဝင်များသည် အင်အား ၆၀ ကျော်ဖြင့်စစ်ကူလာခဲ့ကြောင်းလည်း သိရှိရသည်။

လက်ရှိတွင် မြေပုံမြို့နယ် တဝိုက်အနီးအနားတွင် စကစအဖွဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာနေသည်ဟု ဒေသခံများ ပြောပြချက်အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ