Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံတွင် ဖမ်ဆီးခံထားရသည့် အမ်းမြို့နယ်သား ၃ ဦး ပြန်လည်လွတ်မြောက်

ရခိုင်ပြည်၊ မြေပုံမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် အမ်းအမ်းမြို့နယ် ကဇုကိုင်းရွာမှ အရပ်သား ၃ ဦးအား ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

၎င်းတို့ ၃ ဦးမှာ ဦးရေနိုင်စိန်၊ ဦးတင်မောင်သန်းနှင့် ဦးစောဖြူတို့ ဖြစ်ကြပြီး သူတို့အား နိုဝင်ဘာလ ၅ ရက်နေ့ ညည့် ၃ နာရီခန့်တွင် စစ်ကောင်စီတပ်သား ၆ ဦးမှ ဖမ်းဆီးကာ မြေပုံမြို့မ ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှင့်အတူ ပါလာသော ဘုတ်တစ်စီး၊ ဆီ ၆ ဗူးနှင့် ငွေများကို ပြန်လည်ပေးအပ်လိုက်သော်လည်း ဆန်အိတ် ၂၀ အိတ်ကိုမူ ရဲစခန်းမှ သိမ်းယူထားလိုက်ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရသူများအနက် မြေပုံမြို့တွင် ဖမ်းဆီးခံရသော လူ ၃ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ကျောက်ဖြူမြို့နယ်မှ လူ ၃ ဦးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

မြေပုံတွင် ဖမ်ဆီးခံထားရသည့် အမ်းမြို့နယ်သား ၃ ဦး ပြန်လည်လွတ်မြောက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ