Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံတွင် စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပြီး အမျိုးသား ၁ဦး ခြေ ၁ဖက်နှင့် လက် ၁ဖက် ပြတ်ထွက်သွား

မြေပုံတွင် စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပြီး အမျိုးသား ၁ဦး ခြေ ၁ဖက်နှင့် လက် ၁ဖက် ပြတ်ထွက်သွား

AB News –  ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်တွင် စစ်ကောင်စီအဖွဲ့ထောင်ထားခဲ့သည့် မိုင်းနင်းမိကာ ဒေသခံအမျိုးသား ၁ဦးမှာ ညာခြေထောက်နှင့် ညာလက် ပြတ်ထွက်သွားပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ညာခြေထောက်နှင့် ညာလက် ပြတ်သွားပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူမှာ မြေပုံမြို့နယ်၊ နပျိုးချောင်းရွာမှ ဦးမောင်ကြီး ၅၀ နှစ် ဖြစ်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ရက်၊ နံနက် ၉နာရီ၊ ၄၅မိနစ်ခန့် အချိန်တွင် စစ်ကောင်စီအဖွဲ့ထောင်ထားခဲ့သည့် မိုင်းနင်းမိပြီး မြေပုံမြို့နယ်မှ အမျိုးသား ၁ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံ ၁ဦးက ပြောသည်။

“ရွာသားတွေဟာ ရွာပြင်ကိုတောင် ထွက်ပြီး အလုပ်မလုပ်ရဲတော့ဘူး။ စစ်ကောင်စီတပ် တပ်စွဲခဲ့တဲ့ နေရာတွေမှာ သူတို့က မိုင်းထောင်ထားခဲ့တယ်။ ရွာနဲ့ အနီးဆုံး နေရာတွေမှာတောင် မိုင်းထောင်တာတွေရှိတယ်။ တိုက်ပွဲဧရိယာမှာ မိုင်းထောင်တာ မဟုတ်ဘဲ အရပ်သားတွေ သွားလာနေတဲ့ နေရာမှာ မလုပ်သင့်ဘူး။ ဒါဟာ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေတာပဲ” လို့ ဆိုသည်။

မြေပုံမြို့နယ်၊ နပျိုးချောင်းကျေးရွာမှ ဦးမောင်ကြီးသည် ယမန်နေ့ ၁၀နာရီ ဝန်းကျင်အချိန်တွင် ရွာအနီးရှိ တောင်တွင် မြက်ရိတ်ရန်သွားရာတွင် မိုင်းနင်းမိပြီး ညာခြေ ၁ဖက်နှင့် ညာလက် ၁ဖက် ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရရှိခဲ့ရသည်။

လက်ရှိအချိန်တွင် ဒဏ်ရာရရှိခဲ့သည့် ဦးမောင်ကြီးမှာ နီးစပ်ရာ ဆေးခန်းတွင်သာ အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားများနေထိုင်သည့် ကျေးရွာများအနီးနှင့် ပြည်သူများ သွားလာနေသည့် လမ်းများတွင် မိုင်းထောင်မှုများကို ပြုလုပ်သောကြောင့် မိုင်းအန္တရာယ်မှာ အကြီးမားဆုံးသော ခြောက်လှန့်မှု တစ်ခုဖြစ်နေသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ