Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံတွင် စက်လှေနစ်မြုပ်၍ အမျိုးသမီး ၂ ဦးပျောက်ဆုံးနေ

မြေပုံတွင် စက်လှေနစ်မြုပ်၍ အမျိုးသမီး ၂ ဦးပျောက်ဆုံးနေ

ABN-ဟိန်းထွန်း

ဇူလိုင် ၂၅ ရက်

ရခိုင်ပြည်၊ မြေပုံမြို့သို့ ဟင်းသီးဟင်းရွက်ရောင်းရန်နှင့် ဝါးတုတ်ချိုးရန်သွားရာလမ်းတွင် စက်လှေနစ်မြုပ်ပြီး အမျိုးသမီး ၂ ဦးပျောက်ဆုံးနေကြောင်း မြေပုံဒေသခံ တစ်ဦးမှ ABN သို့သတင်းပေးပို့လာခဲ့သည်။

ပျောက်ဆုံးနေသူများမှာ မင်းပြားမြို့နယ် တောင်ရင်းအနီး နတ်ကံပြင်ကျေးရွာမှ ချင်းအမျိုးသမီး အသက် ၅၉ နှစ်အရွယ် ဒေါ်အေးထုတ် နှင့် အသက် ၆၅နှစ်အရွယ် ဒေါ်မမြဦး တို့ဖြစ်ကြောင်းသိရသည်။

၎င်းတို့သည် တစ်ခြားအမျိုးသမီးအများနှင့်အတူ အမျိုးသားများဖြင့် နံနက်ပိုင်းခန့်က ဟင်းသီးဟင်းရွက်ရောင်းရန်နှင့် ဝါးတုတ် (မျှစ်) ချိုးရန်သွားသည့် လမ်းတွင် စက်လှေတိမ်းမှောက်သွားခဲ့ကြောင်း မြေပုံဒေသခံအမျိုးသမီး တစ်ဦးက ABN သို့ပြောသည်။

“အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၅ ယောက်ပါတယ်၊ သူတို့က ဟင်းသီးဟင်းရွက်ရောင်းဖို့လာတာပါ၊ ပြီးတော့ဝါးတုတ်တွေပါခူးသွားမယ်လို့ပြောပါတယ်၊ ကျောင်းတောင်မော်ကျောက်တန်းအနားမှာနစ်မြုပ်သွားပါတယ် “ဟု ဆိုသည်။

နစ်မြုပ်နေ သူများကို ရေလုပ်သားများက ဝိုင်းဝန်းကယ်ဆယ်ခဲ့သည့်အတွက် အမျိုးသမီး ၃ ဦး နှင့် အမျိုးသား ၂ဦးကိုအသက်ကယ်လိုက်နိုင်ကြောင်း ၎င်းမှဆက်၍ပြောသည်။

“အဲ့ဒီအနားမှာ ပိုက်ချနေတဲ့သူတွေရှိပါတယ်၊ ​ရေနစ်တဲ့သူတွေကို သူတို့တွေဆင်းပြီး ဝိုင်းကယ်လို့ အသက်ဘေးက လွတ်မြောက်သွားပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် ရေနစ်ပျောက်ဆုံးနေသူများကို ရွာသူရွာသားများနှင့် ရေလုပ်သားများဝိုင်းဝန်းရှာဖွေလျက်ရှိကြောင်း သိရသည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ