Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်တွင် စားနပ်ရိက္ခာဆန်များပြတ်လပ်နေ

မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်တွင် စားနပ်ရိက္ခာဆန်များပြတ်လပ်နေ

ABN-ရာဟု

မြောက်ဦးမြို့ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် စာနပ်ရိက္ခာဆန်များ ပြတ်လပ်ကာ စစ်ဘေးရှောင်အများအပြား အခက်အခဲနှင့်ရင်ဆိုင်နေကြရသည်ဟု သိရသည်။

မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင် စု ၁၉၁စု လူဦးရေစုစုပေါင်း ၇၉၁ဦးလာရောက်ခိုလှုံနေကြသည့် စခန်းတစ်ခုဖြစ်သည်။

စခန်းတွင် စားနပ်ရိက္ခာ ဆန်မရရှိသည်မှာ ၃လအထိရှိနေပြီဟု သိရသည်။

စခန်းကို WFPက ၁လပိုင်းတွင် ဆန်ထောက်ပံ့ပေးမှုမရှိဘဲ လူတစ်ဦးလျှင် ငွေကျပ်၂၂၀၀၀ ကျပ်နှုန်းဖြင့်သာ ထောက်ပံ့ပေးခဲ့ကာ ယခုအချိန်အထိ ထောက်ပံ့ပေးမှု တစ်စုံတစ်ရာမရရှိဘဲ စခန်းနေပြည်သူများ စားဝတ်နေရေးအခက်အခဲဖြစ်လျှက်ရှိနေကြောင်း စခန်းတာဝန်ခံကပြောဆိုသည်။

“WFPက တစ်လပိုင်းမှာ တစ်ဦးကိုငွေ၂၂၀၀၀ ကျပ်ပေးတယ် ၊ ဆန်က မပေးခဲ့ဘူး၊ ကျမတို့စခန်းမှာ ဆန်မရရှိတာ ၃လအထိရှိပြီ၊ စခန်းကလူတွေ အရမ်းအခက်အခဲဖြစ်နေရတယ် ဆန်မရှိတော့” ဟု စခန်းတာဝန်ခံ ဒေါ်မအောင်ညွန့်က ABNကိုပြောသည်။

စခန်းနေပြည်သူများမှာ အလုပ်အတည်တကျမရှိဘဲ ကြုံရာကျပန်းအလုပ်များကို လုပ်ကိုင်နေကြရသည့်အတွက် ဆန်ကို အိတ်လိုက်မဝယ်နိုင်ဘဲ တစ်ရက်တာက်ိုသာ ရက်စဥ်ရက်ဆက် ဝယ်ယူစားသောက်နေကြရသည်။

တစ်ချို့ရက်တွေဆို အလုပ်မရှိလျှင် မဝယ်နိုင်ဘဲဖြစ်နေကာ ဒုက္ခရောက်နေကြရသည့်အတွက် စားနပ်ရိက္ခာနှင့် ဆန်များ လာရောက်လှူဒါန်းစေလိုကြောင်း စခန်းနေ စစ်ဘေးရှောင် တစ်ဦးက ပြောသည်။

“ကျနော်တို့က အလုပ်မရှိဘူး၊ ရတဲ့အလုပ်ကို လိုက်လုပ်နေရတာ၊ ပိုက်ဆံရတဲ့နေ့ဆို ဆန်ဝယ်စားရတယ်၊မရတဲ့နေ့က မဝယ်ရဘူး၊ခုကအရမ်းဒုက္ခရောက်နေကြတယ်၊ ဆန်နှင့်တစ်ခြားစားနပ်ရိက္ခာတွေ လာလှူပေးကြပါလို့ ပြောချင်ပါတယ် ” ဟု စခန်းတွင် နေထိုင်သူ ဦးမောင်ထွန်းက ABNကိုပြောသည်။

မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေကြသူများမှာ ပေါက်တောပြင် ၊ရွာဟောင်းတော၊ အုတ်ဖိုကန်၊ မီးလက်ဝ၊ အောင်သာယာ၊ တောင်ဘွေစသည်ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများ လာရောက်ကာ ခိုလှုံနေကြသည့် စခန်းတစ်ခုဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ