Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြို့နယ် ၅ ခုတွင် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ

မြို့နယ် ၅ ခုတွင် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ

AB News – ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄

ရက္ခိုင်ပြည်ရှိ မြို့နယ် ၅ ခုတွင် စစ်ကောင်စီအဖွဲ့၏ လက်ကျန်စခန်းများကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း  ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

ရမ်းဗြဲ၊ မင်းပြား၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းမြို့ နှင့် မောင်တောမြို့တို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။

ရမ်းဗြို့ကို တပ်အင်အားဖြည့်တင်းရန်လာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ၅၅၀ တပ်ရင်းဌာနချုပ်၊ မောင်တောမြို့မြောက်ဖက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်း၊ ဘူးသီးတောင်မြို့နယ် သရဖီကျေးရွာအနီးရှိ ခမရ ၅၂၂ တပ်ရင်း တို့အား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်းပြောသည်။

၎င်းထဲတွင် စစ်ရေးအရ မဖြစ်မနေ ချေမှုန်းရမည့်စခန်းများထဲမှ တစ်ခုဖြစ်သော မင်းပြားမြို့ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် ( ၉) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်းဖြစ်ကြောင်း AA က ပြောသည်။

“ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်အပြင် စစ်ရေးအရ မဖြစ်မနေ ချေမှုန်းရမည့် စခန်းများထဲမှ တစ်ခုဖြစ်သော မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ ရှစ်ရက်မြောက် ထိုးစစ်နေ့ အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်” ဟု ဆိုသည်။

ထုတ်ပြန်ချက်တွင် တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဖက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ ယနေ့ ဖေဖော်ဝါရီလ (၂၅) ရက်၊ နံနက် (၇) နာရီ (၁၄) မိနစ်မှ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့အတူ ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီး စစ်ကောင်စီ၏ ခမရ ( ၅၅၂) တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ (၂၄) ရက်၊ နံနက် (၈) နာရီ (၃၅) မိနစ်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် ပလက်ဝ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ တောင်ပြို၊ မအီမြို့တို့ကို အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်ကာ အခြားမြို့နယ်များရှိ စစ်စခန်းအများစုကို  သိမ်းပိုက်ထားကြောင်း တွေ့ရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ