Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြို့နယ် ၃ ခုတွင် စစ်ကောင်စီအဖွဲ့အား ရက္ခိုင့်တပ်တော် တိုက်ခိုက်ချေမှုန်းလျက်ရှိ

မြို့နယ် ၃ ခုတွင် စစ်ကောင်စီအဖွဲ့အား ရက္ခိုင့်တပ်တော် တိုက်ခိုက်ချေမှုန်းလျက်ရှိ

AB News – မတ်လ ၁၆၊ ၂၀၂၄

ရက္ခိုင်ရှိ မြို့နယ် ၃ ခုတွင် စစ်ကောင်စီအဖွဲ့အား ရက္ခိုင့်တပ်တော် တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း ယမန်နေ့ညက ထုတ်ပြန်လိုက်သည်။

ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသော မြို့နယ်များမှာ ဘူးသီးတောင်၊ ရသေ့တောင် နှင့် မောင်တောတို့ဖြစ်သည်။

၎င်းစခန်းများကို ယခင်ရက်များနှင့်အတူ ဝိုင်းရံပိတ်ဆို့ထားခြင်း၊ ဖြတ်တောက်ထားခြင်းတို့ကို ပြုလုပ်ထားဆဲဖြစ်ကြောင်း AA ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တို့ကို စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက်၊ နေ့တွင်လည်း အဆိုပါစခန်းများကို ရက္ခိုင့်တပ်တော်မှ အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း AA ကဆိုသည်။

ထို့အတူ ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။

မောင်တောမြို့နယ်အတွင်း၌လည်း လက်ကျန်နယ်ခြားစောင့်စခန်းအချို့အား သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်နည်းတူ စခန်းစွန့်ထွက်ပြေးနေကြသည့် စစ်ကောင်စီ တပ်ဖွဲ့အချို့အား လိုက်လံဖမ်းဆီးလျက်ရှိကြောင်း AA ကဆိုသည်။

လက်ရှိတွင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ မောင်တော-ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဖောက်လုပ်ထားသည့် အာရှလမ်းမကြီးကိုလည်း စစ်ကောင်စီက ဖျက်စီးထားပြီးဖြစ်သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ