Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြို့နယ် ၂ ခုတွင် စကစအဖွဲဝင် အချင်းချင်း တပ်တွင်းပုန်ကန်မှု ဖြစ်ပွား၍ တပ်သား ၅ ဦးထက်မနည်း သေဆုံး

မြို့နယ် ၂ ခုတွင် စကစအဖွဲဝင် အချင်းချင်း တပ်တွင်းပုန်ကန်မှု ဖြစ်ပွား၍ တပ်သား ၅ ဦးထက်မနည်း သေဆုံး

AB News – ဇန်နဝါရီ ၁၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြိုနှင့် ကျောက်တော်မြိုတိုတွင် စကစ တပ်ဖွဲဝင် အချင်းချင်း တပ်တွင်းပုန်ကန်မှုဖြစ်ပွားပြီး ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြိုအခြေစိုက် စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းတစ်ခုဖြစ်သော ဓညဝတီ ရေတပ်စခန်းတွင် လက်နက်ကြီးပစ်ရာ၌ အငြင်းပွားမှု ဖြစ်ပွားပြီး ရေတပ်အရာရှိက ရဲဘော် ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို ပြောသည်။

“ရေတပ်အရာရှိဆိုတော့ အာဏာရှိတာပေါ့ ၊၊ သူက ရဲဘော် ၁ ယောက်ကို အမြောက်ပစ်ဖိုစေခိုင်းတယ်။ မပစ်ဘူးလို ငြင်းဆန်ပါတယ် ၊၊ တစ်ခါတည်းပစ်သတ်လိုက်တယ်လို သိရပါတယ်” ဟုဆိုသည်။

ထိုအပြင် ကျောက်တော်မြို တပ်ရင်းများအတွင်း လက်နက်ကြီးပစ်ရန် အတွက် တပ်ဗိုလ်များကအဓမ္မ အမိန့်ပေးသော်လည်း တပ်သားများကမပစ်ဝံ့ဟု ပြောရာ အချင်းချင်းပုန်ကန်မှုဖြစ်ပွားပြီး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲဝင် အချင်းချင်းခိုက်ရန်ဖြစ်ပွားလာမှုမှာ အထက်အောက်အာဏာလုယူခြင်း၊ စားနပ်ရိက္ခာလုံလောက်စွာမရရှိခြင်းနှင့်  ရက္ခိုင့်တပ်တော်၏ ချေမှုန်းခြင်းခံရပြီးနောက် သေဆုံးသူများပြားလာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက မှတ်ချက်ပြုမှုများရှိသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့် လပိုင်းကလည်း စစ်တွေမြိုနှင့် ကျောက်တော်မြိုတိုတွင် စစ်ကောင်စီတပ်သားများ လက်နက်ကြီးပစ်ခတ်ရာတွင် ပြောင်းကွဲပြီး သေဆုံးသူ ၇ ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ၁၀ ဦး ကျော် ရှိခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

လက်ရှိတွင် နဖူးတွေ့၊ ဒူးတွေ့ ရှူးမဲ မဲနေသော စကစ ဗိုလ်၊ အရာရှိများက လက်အောက်ငယ်သားများကို နိုင်ထက်စီးနင်း အလုပ်စေခိုင်းမှုကြောင့် တပ်တွင်းထွက်ပြေးသူ ၁၀၀ ကျော်ထက်မနည်းရှိခဲ့ပြီး ၊ အလင်းဝင်ရောက်လာသူ ၂ဝဝ ကျော်ထက်မနည်းရှိလာကြောင်းသိရသော်လည်း AB News က သီခြားအတည်မပြုနိုင်သေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ