Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြို့နယ် လေးမြို့နယ်၌ စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်ထားမှု

မြို့နယ် လေးမြို့နယ်၌ စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်ထားမှု

၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်က ကြည်း၊ရေ၊လေ အသုံးပြု၍ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး၊ ၄ ဦး သေဆုံးသည့်အပြင် နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့သည်။

၂၅ ရက်နေ့တွင် စစ်ကောင်စီ နေဗီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မင်းပြားမြို့နယ်တွင် ပြည်သူ ၁ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

၂၆ ရက်နေ့ မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသား တဦးနှင့် အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

၎င်းနေ့တွင်ပင် စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ် ၃၀ ထက်မနည်း ဗုံးကြဲ၊ ပစ်ခတ်မှုကြောင့် ပြည်သူပိုင်အဆောက်အအုံများစွာ ပျက်စီးခဲ့ကာ နေအိမ်များစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ ဘူးသီးတောင်မြို့နယ်တွင်လည်း အပြစ်မဲ့ပြည်သူ ၃ ဦး အသတ်ခံခဲ့ရပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယခုကဲ့သို့ စစ်ရာဇဝတ်မှုမြောက်များစွာကို ကျူးလွန်နေသည့် စစ်ကောင်စီတပ်စခန်းများကို အပြီးသတ် သိမ်းပိုက်သွားမည်ဟု ရက္ခိုင့်တပ်တော် AA က ပြောဆိုထားပါတယ်။

ABN Website:
https://www.arakanbaynews.com

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ