သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံတွင် စစ်ဘေးရှောင်ဒုက္ခသည် ၃သန်းခွဲနီးပါးရှိလာကြောင်း UNOCHAထုတ်ပြန်
စစ်ဘေးရှောင်များအား တွေ့ရစဥ်

AB News -နိုဝင်ဘာ၂၉၊၂၀၂၄

မြန်မာနိုင်ငံ တဝန်းတွင် လက်ရှိဖြစ်ပွားနေသော လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဆင်ရေးနှင့် ပြင်းထန်သည့် တိုက်ပွဲများကြောင့် အရပ်သားပြည်သူများအနေဖြင့် နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးသူဦးရေ ၃ ဒသမ ၄ သန်းနီးပါးထိရှိလာကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့က UNOCHA ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ စစ်ကောင်စီအဖွဲ့နှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အမျိုးမျိုးကြား စစ်ရေးပဋိပက္ခ ပြင်းထန်လာခဲ့ပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုအထဲမှ ၁၂ ခုမှာ တိုက်ပွဲဒဏ်ကို ခံနေရခြင်းဖြစ်သည်။

လက်ရှိမှာ အဆိုပါစစ်ရေးပဋိပက္ခများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများပါ မြင့်တက်နေကာ အရပ်သား ကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်များနှင့်အတူ လူသားချင်းစာနာမှု အကျပ်အတည်းမှာလည်း ဆက်လက်ဆိုးဝါးနေဆဲဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပဋိပက္ခမှာပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်များကို အဟန့်အတားမရှိ ခွင့်ပြုပေးရမည်ဖြစ်ပြီး၊ အရပ်သားပြည်သူများဆီ လူမှုဘဝကယ်ဆယ်ရေးအကူအညီများ ရောက်ရှိရန် ရှုပ်ထွေးသောကန့်သတ်ချက်များကို ဖယ်ရှားပေးရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အစမှ စက်တင်ဘာလကုန်အထိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် လူဦးရေ ၃ သန်းနီးပါးကို အကူအညီပေးခဲ့ပြီးဖြစ်သော်လည်း ရန်ပုံငွေရရှိမှုအလွန်အမင်း နည်းပါးခဲ့ခြင်းကြောင့် ထိုစစ်ဘေးရှောင်ဒုက္ခသည်များကို ပြည့်ပြည့်ဝဝ အကူအညီမပေးနိုင်ခဲ့ကြောင်း UNOCHA ကဆိုသည်။

စစ်ဘေးရှောင်များအနေဖြင့် ဆောင်းတွင်းကာလရောက်လာသည်နှင့်အမျှ စောင်၊ အနွေးထည်နှင့် ဆေးဝါး အကူအညီများစသည် လိုအပ်လျက်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ