Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မော်လမြိုင်တွင် ဓါတ်လိုက်ပြီး သေသွားသည့် သားအသုဘသို့ သွားသည့် ရခိုင်က ဖခင် ကားအက်ဆီးဒင့်ဖြင့် လမ်းတွင် သေဆုံး

ABN-ထက်မြတ်ခင်

ဇွန်လ ၂၆ရက်

ရခိုင်ပြည်နယ် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်မှ မော်လမြိုင်တွင် ဓာတ်လိုက်ပြီးသေဆုံးသွားသည့် သားအသုဘသို့သွားရာလမ်းတွင် ဖခင်ဖြစ်သူမှာ ကားအက်ဆီးဒင့် (ယာဥ်မတော်တဆ) ဖြစ်ပြီး သေဆုံးသွားသည်ဟုသိရသည်။

သေဆုံးသွားသူများမှာ မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်မှ သားဖြစ်သူ မောင်စောမောင်သိန်း အသက် (၁၉ )နှစ်နှင့် ဖခင်ဖြစ်သူ ဦးအထွန်း အသက် ၅၄ နှစ် တို့ဖြစ်ကြောင်းသိရသည်။

မောင်စောမောင်သိန်းမှာ မော်လမြိုင်တွင် ပန်းရံအလုပ် လုပ်ကိုင်ရာ၌ လုပ်ငန်းအတွင်း လျှပ်စစ်ကြိုးပေါက်နေသည်ကို နင်းမိရာမှ ဓါတ်လိုက်ပြီး ဇွန်လ ၂၄နေ့တွင် မော်လမြိုင်ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်။

မောင်စောမောင်သိန်း၏ အသုဘသို့ ဖခင်ဖြစ်သူ ဦးအထွန်းနှင့် သူညီအပါဝင် မိသားစု ၁၀ဦးတို့သည် ဇွန်လ ၂၄ရက်နေ့မှာပင် ကားတစ်စီးငှားပြီးသွားရာ ထိုမှန်လုံကားသည် မကွေးလမ်းဘက်မှ အမြန်လမ်းဘက်အတိုင်းမောင်းလာစဥ် အမြန်းလမ်းတနေရာ၌ ဇွန်လ ၂၅နေ့ တွင် ကားအက်ဆီဒင့် ဖြစ်ပြီး ကားခေါင်းခန်းမှ လိုက်ပါလာသော ဦးအထွန်း သည် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု သိရသည်။

ကားခေါင်းခန်းမှ အတူလိုက်ပါလာသောသူ၏ညီဖြစ်သူမှာ နေပြည်တော် ဆေးရုံတွင် အရေးပေါ်အခြေအနေကုသနေရပြီး ကျန်မိသားစုဝင်များမှာ ပွန်းပဲ့ဒဏ်ရာ မစိုးရိမ်ရ အခြေအနေဖြစ်ကြောင်းသိရပါသည်။

ဦးအထွန်း၏ရုပ်အလောင်းကို ယနေ့ ဇွန်လ ၂၆ရက်နေ့တွင် မော်လမြိုင်သို့သယ်ဆောင်လာမည်ဖြစ်ကာ သားဖြစ်သူနှင့်အတူ မော်လမြိုင်ပိန္နဲကုန်း သုဿန်၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ