Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တော-ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဖောက်လုပ်ထားသည့် အာရှလမ်းမကြီးအား စစ်ကောင်စီ ဖျက်ဆီး

မောင်တော-ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဖောက်လုပ်ထားသည့် အာရှလမ်းမကြီးအား စစ်ကောင်စီ ဖျက်ဆီး

AB News – မတ်လ ၁၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် မောင်တော-ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖောက်လုပ်ထားသည့် အာရှလမ်းမကြီးအား စစ်ကောင်စီက ဖျက်ဆီးထားကြောင်း ​သိရသည်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မောင်တောမြို့မြောက်ပိုင်း နခခ ( ၁) လက်အောက်ခံ အောင်မင်္ဂလာကျေးရွာတွင်အခြေချတပ်စွဲထားသည့် စစ်ကောင်စီကင်းစခန်းမှ တပ်ဖွဲ့ဝင် ၁၉ ဦးသည် ၎င်းလမ်းကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“အဲ့ဒီလမ်းကို စစ်ကောင်စီက ဖျက်ဆီးလိုက်တာပါ။ ဒီလမ်းက ကျမတို့ရဲ့စားဝတ်နေရေးအတွက် သွားလာ လုပ်နေရတဲ့ လမ်းပါ။ အခုဆိုသွားလို့မရတော့ဘူး။  မိုင်းတွေလည်းထောင်ထားနိုင်ပါတယ်” ဟု ဆိုသည်။

အောင်မင်္ဂလာရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့အား လက်နက်ချက်အညံ့ခံရန် ရက္ခိုင့်တပ်တော်က အကြိမ်ကြိမ်သတိပေးထားပြီးဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ၎င်းကင်းစခန်းသည် စစ်ကောင်စီ၏ ကျီးကန်းပြင်ကွပ်ကဲရေးဌာနချုပ်နှင့်နီးစပ်နေသည့်အတွက် လက်နက်ချအညံ့မခံသေးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ ဗောဓိကုန်းစခန်းကိုသိမ်းပိုက်ပြီးနောက် ၎င်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ကျီးကန်းပြင်ကွပ်ကဲရေးဌာနချုပ်ကို ထွက်ပြေးသွားခဲ့သည်။

ထို့အပြင် ကြိမ်ချောင်းစခန်းကို ရက္ခိုင့်တပ်တော်ကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ၂ ဖက် စစ်ရေးတင်းမာလျက်ရှိသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ