Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တော တောင်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်း ၄ ခုကို AA သိမ်းပိုက်

မောင်တော တောင်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်း ၄ ခုကို AA သိမ်းပိုက်

AB News-ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောတောင်ပိုင်းရှိ အလယ်သံကျော်နယ်မြေစခန်း၊ နှုရှ်လာစခန်း၊ ဂေါ်ဒူသာရစခန်း၊ဗောဓိကုန်းစခန်းများအား ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့လည်က ရက္ခိုင်တပ်တော်AA မှထိုးစစ်ဆင်တိုက်ခိုင်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ခိုင်လုံသတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကလည်း စခန်းသိမ်းခံလိုက်ရသည့် လူနေ ကျေးရွာများသို့ လေကြောင်းဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံရွာသားများက ပြောသည်။

“ခွေး (စစ်ကောင်စီ) စခန်း ၄ ခုကို အေအေက သိမ်းလိုက်ပြီလို့ သိရပါတယ်။ မီးလောင်တာ ခုထိ မြင်နေကတုန်းပဲ။ ခွေးတွေက လေယာဥ်နဲ့ လာပစ်နေလို့ ပြေးသူပြေးပါပဲ” ဟုဆိုသည်။

ထိုစခန်းများအနီးတွင် ကျန်ရှိနေသည့် မောရဝတီဗျူဟာ၊ မြင်းလွတ်နယ်ခြားစောင့်တပ်ရင်းများကို ရက္ခိုင့်တပ်တော်က ဆက်လက်တိုက်ခိုက်နေကြောင်းသိရသည်။

ထိုစခန်းများကို AA က အပြီးသတ် သိမ်းပိုက်နေချိန်အတွင်း ဂျက်တိုက်လေယာဥ်ဖြင့် ၂ ကြိမ်၊ Mi35 တိုက်လေယာဥ်ဖြင့် ၅ ကြိမ်အထိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အပြင် မောင်တောမြို့ထဲရှိ နခခ ၅ မှ အတွဲလိုက် ဒုံးကျည်များဖြင့် အကြိမ်ရေ ၂၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မောင်တောမြို့နယ် နတ်မြစ်အတွင်း အထိုင်ချထားသည့် စစ်သင်္ဘောမှာလည်း တစ်ချိန်တည်းတွင် လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် စခန်းများ ကျရှုံး၍ ထွက်ပြေးသည့် ၎င်းတို့၏ အဖွဲ့ဝင်များကို လေကြောင်းမှ ပစ်ခတ် သတ်ဖြတ်ခြင်းဖြစ်ကြောင်း ၎င်း၏ အမြင်ကို ပြောသည်။

“ဒီကောင်တွေ (စကစ) စစ်ရှုံးလို့ ထွက်ပြေးတာ များလို့ထင်တယ် ရှုံးတယ်လို့ သိတာနဲ့ တိုက်လေယာဥ် သူ့ဖက်ကိုယ့်ဖက်မခွဲဘဲ ပစ်ချတော့တာပဲ” ဟုဆိုသည်။

ထိုတိုက်ပွဲ ဖြစ်ပွားသည့် ဒေသရှိ ရွာသားများမှ စစ်ဘေးလွတ်ရာ ရှောင်တိမ်းနေကြရကြောင်းလည်း သိရသည်။

ဓာတ်ပုံ- AA ကသိမ်းပိုက်ထားပြီးဖြစ်သည့် တောင်ပြိုလက်ယာစခန်း

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ