သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တော ဂြစ်ချောင်း (မြို) ရွာအား စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ပြီးနောက် AA ပစ်သည်ဟု ရွာသားများအား ငွေ ၅ သိန်းဖြင့် လိမ်လည်ရန် ဗျူးဟာမှူးစေခိုင်း

ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ မွန်းလွှဲက မောင်တောမြို့နယ် ဂြစ်ချောင်း (မြို) ရွာအား စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ကို ရက္ခိုင့်တပ်တော် ပစ်ခတ်ခြင်းဖြစ်သည်ဟု လိမ်လည်ပြောဆိုရန် ဒဏ်ရာရ ရွာသားများအား ငွေ ၅ သိန်းပေးပြီး ကြိမ်ချောင်း ၂၄ ဗျူဟာမှ ဗျူဟာမှူးက ဖိအားပေး ပြောခဲ့ကြောင်း ခိုင်မာသတင်းရင်းမြစ်အရ သိရသည်။

မောင်တောမြို့နယ် ဂြစ်ချောင်း (မြို) ရွာအား စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးသူငယ်များအပါအဝင် ရွာသား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၃၀ ခန့်ထက်နည်း ဒဏ်ရာရခဲ့ရသည်။

ဒဏ်ရာရ လူနာအများစုအား ကြိမ်ချောင်းဆေးရုံသို့ ပို့၍ ကုသခဲ့ရရာ ကြိမ်ချောင်း ၂၄ ဗျူဟာမှ ဗျူဟာမှူး ပြည့်စုံအောင်နှင့် အောင်စစ်ပြင် အခြေစိုက် နခခ (၇) တပ်မှ ရဲမှူးကြီး ဝင်းမြင့်အောင်တို့ ကိုယ်တိုင် တပ်ဖွဲ့အင်အား ၃၀ ခန့်ဖြင့် ဆေးရုံသို့ လာရောက်ပြီး လူနာများအတွက် ငွေကျပ် ၅ သိန်း၊ ဆန် ၁၀ အိတ်နှင့် စားသုံးဆီများကို ဂြစ်ချောင်းရွာအုပ်ချုပ်ရေးမှူးမှ တဆင့်ပေးခဲ့ပြီး အုပ်ချုပ်ရေးမှူးနှင့် တကွ ဒဏ်ရာရရွာသား လူနာများအား လိမ်လည်ရန် ဖိအားပေး ပြောဆိုခဲ့သည်။

“ဒီနေ့ ဂြစ်ချောင်းရွာကို ကျတဲ့ လက်နက်ကြီးဟာ AA ကပစ်တာဖြစ်တယ်။ သူတို့ (စကစ) ပစ်တာမဟုတ်ဘူးလို့ ဘယ်သူ မေးလာ မေးလာ ဖြေရမယ်ဆိုပြီးတော့ ဗျူဟာမှူး ပြည့်စုံအောင်က ပြောခဲ့တယ်” ဟု လုံခြုံရေးအရ အမည်ဖော်၍ မရသူ တစ်ဦးက ABN ကို ပြောသည်။

ယနေ့ နေ့လည်က ဂြစ်ချောင်းရွာထဲတွင် ကလေးကင်ပွန်းတပ်ပွဲ ကျင်းပနေစဥ် စစ်ကောက်စီလက်နက် ၃ လုံး ပွဲခင်းထဲတွင် ကျရောက် ပေါက်ကွဲပြီး များမကြာမီ စစ်ကောင်စီတပ်က ရောက်လာပြီး အလောင်းများနှင့် ဒဏ်ရာရသူများအား ဓာတ်ပုံမှတ်တမ်းရိုက်ကူးခွင့်ကို ကန့်သတ်ခဲ့သည်။

ယနေ့ နေ့လည်က စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ကျောက်တော်မြို့နယ် ချောင်းတူရွာမှ ရွာသား ၃ ဦးသေဆုံးခဲ့ရပြီး ၃ ဦးမှာ ဒဏ်ရာများ ရရှိခဲ့သည်။

မောင်တော ဂြစ်ချောင်း (မြို) ရွာအား စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ပြီးနောက် AA ပစ်သည်ဟု ရွာသားများအား ငွေ ၅ သိန်းဖြင့် လိမ်လည်ရန် ဗျူးဟာမှူးစေခိုင်း

ဓာတ်ပုံ- ကြိမ်ချောင်း ၂၄ ဗျူဟာမှ ဗျူဟာမှူး ကြိမ်ချောင်းဆေးရုံလာရောက်စဥ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ