Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တော-ကျောက်ပန်းတူလမ်းတွင် သုံးဘီးမှောက်၍ ဒဏ်ရာပြင်းထန်ရရှိခဲ့သော သားဖ ၂ဦး ဆေးကုသမှုခံယူနေရ

မောင်တော-ကျောက်ပန်းတူလမ်းတွင် သုံးဘီးမှောက်၍ ဒဏ်ရာပြင်းထန်ရရှိခဲ့သော သားဖ ၂ဦး ဆေးကုသမှုခံယူနေရ

ABN – ကိုဟိန်းထွန်း

ရသေ့တောင်မြို့နယ် စေတီပြင် ခွဆုံရွာတွင် ပြုလုပ်သည့် ဇာတ်ပွဲသို့ လေပူပေါင်းရောင်းရန်သွားခဲ့သည့် မိသားစု ၆ ဦးထဲတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော အဖဖြစ်သူနှင့် သမီးတို့သည် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ဆက်လက်ခံယူနေရသည်ဟု သိရသည်။

၎င်းတို့မိသားစုသည် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့က စေတီပြင် ခွဆုံရွာ ဇာတ်ပွဲသို့ ကိုယ်ပိုင်သုံးဘီးဖြင့် စျေးရောင်းရန်သွားခဲ့ရာ မောင်တော – ကျောက်ပန်းတူလမ်းအဆင်းတွင် အရှိန်မထိန်းနိုင်ခဲ့သည့်အတွက် တိမ်းမှောက်ပြီး မိသားစု ၆ ဦးစလုံးဒဏ်ရာရရှိခဲ့သည်။

ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့်အဖ ဦးထွန်းလှဖြူ နှင့် ၁၁ တန်းကျောင်းသူအရွယ် သမီးမအေးသန်းတို့သည် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆက်လက်၍ ဆေးကုသမှုခံယူနေရကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ABN သို့ပြောသည်။

“အဖဖြစ်တဲ့သူကနည်းနည်းပါးပါးအသက်ရှူကြပ်ပါတယ်၊သမီးကလည်း ဒဏ်ရာပြင်းပါတယ်၊ အဖဖြစ်သူကိုဓာတ်မှန်ရိုက်ဖို့လို့ ဆရာဝန်ကခေါ်တယ်၊ သူကမသွားနိုင်ဘူး၊ ထလို့လည်းမရောက်ဘူးဖြစ်နေတယ်၊ အောက်ဆီဂျင်မရှူရင် အသက်ရှူကြပ်တယ်” ဟု ဆိုသည်။

ထို့အပြင် ဦးထွန်းလှဖြူမှာ ဒဏ်ရာပြင်းစွာရရှိခဲ့သည့်အတွက် အလေးအပေါ့ပင်မသွားနိုင်၍ ဒဏ်ရရထားသော နံစောင်းဘေးတွင် ပိုက်ပြွန်ဖြင့် အပေါက်ဖောက်ထားရကြောင်း ဆက်၍ပြောသည်။

“ဒဏ်ရာကပြင်းတယ်၊ အလေးအပေါ့တောင်သွားလို့မရဘူး၊ နံရိုးဘေးစောင်းမှာ ပိုက်ပြွန်နဲ့ အပေါက်ဖောက်ထားပါတယ်၊ သွေးအနည်းငယ်ခဲသွားပြီး ဖောက်ထားတဲ့အပေါက်က အနည်းငယ်စီးကျတယ်” ဟုဆိုသည်။

အမိဖြစ်သူ ဒေါ်သန်းမေ၊ သမီးအလတ် နွယ်နွယ်၊ သားလတ် သားသား နှင့် အငယ်ဆုံးသမီး ကွက်ကွက်ချေတို့သည် ဒဏ်ရာနည်းပါးခဲ့​သောကြောင့်အိမ်ပြန်သွားခဲ့ကြောင်းသိရသည်။

၎င်းတို့မိသားစုသည် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်တွင်နေထိုင်ပြီး ဆင်းရဲနွမ်းပါးသည့်အတွက် ဇာတ်ပွဲများတွင်လေပူပေါင်းရောင်းချကာ အသက်မွေးဝမ်းကြောင်းကြကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ