Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောရှိ အင်းဒင်တပ်စခန်း နှင့် ကျောက်ပန်းတူစခန်းမှ လက်နက်များ ပစ်​ခတ်နေ

AB News- ဟိန်းထွန်း

အောက်တိုဘာ ၂၇ ရက်

ရခိုင်ပြည်၊ မောင်တောမြို့နယ် ရှိ စစ်ကောင်စီ တပ်စခန်း ၂ ခုဖြစ်သည့် အင်းဒင်တပ်စခန်း နှင့် ကျောက်ပန်းတူ တပ်စခန်းတို့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက AB News သို့ သတင်းပေးပို့လာသည်။

စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီးလက်နက်ငယ်များ၊ အတွဲလိုက်လက်နက်များ ပစ်ခတ်နေသည့် အကြိမ်ရေ ၁၀၀ ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

၎င်းးတို့တပ်စခန်းမှ ယနေ့နံနက်ပိုင်း ၁၁ နာရီမှစပြီး လက်နက်ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကျောက်ပန်းတူစခန်းနဲ့ အင်းဒင်စခန်းက လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်နေပါတယ်၊ပြည်သူတွေစိုးရိမ်နေကြတယ်၊ အခုလည်းပစ်နေပါတယ်” ဟု ဆိုသည်။

စကစ တပ်ဖွဲ့ဝင်များသည် လက်နက်စမ်းသပ်နေသည်ဟု ပြောဆိုနေသော်လည်း ဒေသခံပြည်သူများကို အသိမပေးဘဲ ရမ်းသမ်းပစ်ခေတ်နေသည့်အတွက် တိုက်ပွဲဖြစ်နေလားဟု ပြောဖို့ခက်ခဲနေကြောင်း ပြောသည်။

လက်နက်​ကြီး၊ လက်နက်ငယ်များဖြင့် လက်ရှိအချိန်အထိ မည်သည့်ဖက်ကို ဦးတည်ပစ်ခတ်နေကြောင်း မသိရှိရဘဲ၊ တောင်ပေါ်၌ ကျွဲ၊ နွားကျောင်းနေသည့် လူများပင် အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။

ယမန်နေ့ညကလည်း အင်းဒင်တပ်စခန်းမှ လက်နက်များပစ်ခတ်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ နှင့် အောက်တိုက်ဘာလအတွင်းက မောင်တောမြို့နယ် အင်းဒင်၊ သုံးမိုင် တပ်စခန်းများသို့ လက်နက်အား၊ လူအားများအားဖြည့်ထားခဲ့ကြောင်း တွေ့ရသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့ထဲရှိ စစ်ကောင်စီတပ် ၅၅၀ မှ ယနေ့ တစ်နေ့လုံး လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည်ဟု အုပ်ချုပ်ရေးမှူးအချို့အား ခေါ်ယူ သတိပေးထားကြောင်း သိရသည်။

ရှမ်းမြောက်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ Online Game လည်လိမ်မှု တိုက်ဖျက်ရေး စစ်ဆင်ရေး ပြုလုပ်နေသည့်အတွက် စစ်ကောင်စီတပ်နှင့် မဟာမိတ် ၃ ဖွဲ့တို့ကြား စစ်ရေးတင်းမာလျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ