Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြောက်ပိုင်းရှိ နောက်ထပ် စစ်ကောင်စီတပ်စခန်း ၁ ခုကို AA တိုက်ခိုက်သိမ်းပိုက်

(စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့်လာရောက်ပစ်ခတ်)

AB News-ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄

ရခိုင်ပြည်နည်၊မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း-ဂုပ္ပီကျော်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၁ ခုအား ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီ ၁၉ ရက်မနက် ၆ နာရီခန့်တွင်အပြီးသတ် သိမ်းပိုက်လိုက်ပြီး၊  စစ်ကောင်စီက Jet-Fighter ဂျက်ဖိုက်တာ ၂ စီးဖြင့် ထိုနေရာသို့ ဗုံး ၇ လုံးကြဲချခဲ့ကြောင်း ကြိမ်ချောင်းဒေသခံများကပြောကြားသည်။

“ဒီနေ့မနက် ၆ နာရီလောက်မှာ ကြိမ်ချောင်း-ဂုပ္ပီတောင်ကျော်လမ်းက စစ်ကောင်စီစခန်းကို အေအေ ဖက်က အပြီးသတ်သိမ်းလိုက်တာ။ မနက် ၁၁ နာရီမှာ ဂျက်လေယာဥ် ၂ စီးနဲ့  ဂုပ္ပီစခန်းပတ်ဝန်းကျင်ကို ဗုံး ၇ လုံးအထိလာကြဲချသွားတယ်” လို့ ဟုဆိုသည်။

ထိုကြိမ်ချောင်း-ဂုပ္ပီတောင်ကျော်လမ်းရှိ စစ်ကောင်စီစခန်းမှာ ကြိမ်ချောင်း ၂၄ စစ်ဗျူဟာစခန်း နှင့် နခခ(၇) ကြိမ်ချောင်း နယ်ခြားစောင့်စခန်းများအားကာကွယ်ထားသည့် ကာကင်းစခန်းတစ်ခုလည်းဖြစ်သည်။

ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းမှစပြီး ကြိမ်ချောင်းစခန်းများဖြစ်သည့် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၇ နှင့် ၂၄ ဗျူဟာစခန်းတို့အား
ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကြိမ်ချောင်းကျေးရွာအနီးရှိ နခခ ၇ စခန်းမှာ လက်နက်ချအညံ့မခံသောကြောင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့မှ ဖေဖော်ဝါရီ ၉ ထုတ်ပြန်ချက်တွင်ပါရှိသည်။

တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေသည့် ကျေးရွာများမှ ရွာသားများမှာ တိုက်ပွဲစဖြစ်သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ​စပြီး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

Website
www.arakanbaynews.com 

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ