Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြောက်ပိုင်းတွင် ARSA အကြမ်းဖက်အဖွဲ့မှ ကားတစ်စီးကိုမီးရှို့၍ ကားပေါ်ပါ လူ၂ဦးကိုဖမ်းခေါ်သွား

ABN-ရှိုင်းမိုး

သြဂုတ် ၁၂ရက်

ရခိုင်ပြည်မောင်တောမြောက်ပိုင်းတွင် ARSAအကြမ်းဖက်အဖွဲ့မှ ကားတစ်စီးကိုမီးရှို့၍ ကားပေါ်ပါ လူ၂ဦးကို ဖမ်းခေါ်သွားသည်ဟုသိရသည်။

ယနေ့ညနေပိုင်းအချိန်က မောင်တောမြောက်ပိုင်းကြိမ်ချောင်းရွာနှင့် လောင်းဒုံရွာကြားတွင် ARSA အဖွဲ့ဝင် ၂၀ ကျော်သည် သေနတ်ကိုယ်စီကိုင်ဆောင်ထားကြပြီး ကားပေါ်မှ လူ၂ဦးကိုဆွဲထုတ်၍ ကားကိုမီးရှို့ခဲ့သည်ဟုသိရသည်။

ဖမ်းဆီးခံရသူများမှာ မောင်တောမြို့နယ် စပယ်ကုံးရွာ(မူဆလင်ရွာ) မှ မူဆလင် ၂ဦးဖြစ်ကြောင်းသိရှိရသည်။

ထိုမောင်တောကြိမ်ချောင်းလမ်းတလျှောက်တွင် စစ်ကောင်စီတပ်စခန်းများ၊ တပ်မကြီးများ၊ စစ်ကောင်စီနယ်ခြားစောင့်တပ်များနှင့် စစ်ကောင်စီစစ်ဆေးရေးဂိတ်များရှိကြောင်းသိရသည်။

မောင်တောမြို့နယ်မြောင်ပိုင်းတွင် ၂၀၁၇ ခုနှစ်က ARSAအကြမ်းဖက်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့က နယ်မြေရှင်းလင်းထားကြောင်းသိရသည်။

မောင်တောမြို့နယ်တွင် ARSAအကြမ်းဖက်အဖွဲ့နှင့် ရက္ခိုင့်တပ်တော် AAအဖွဲ့တော် မကြာသေးခင်က တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ