သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့ ဝက်သတ်ကုန်းရှိ စကစ ရဲကင်းစခန်း ၁ ခုက ရပ်ကွက်သား ၁ ဦးအားရိုက်နှက်၊ မျက်နှာ၌ ဖူးရောင်ဒဏ်ရာရ

မောင်တောမြို့ ဝက်သတ်ကုန်းရှိ စကစ ရဲကင်းစခန်း ၁ ခုက ရပ်ကွက်သား ၁ ဦးအားရိုက်နှက်၊ မျက်နှာ၌ ဖူးရောင်ဒဏ်ရာရ

ABN – နွယ်စိုး၊ ကိုဟိန်းထွန်း

ရခိုင်ပြည်၊ မောင်တောမြို့အမှတ် ၄ ရပ်ကွက်တွင်မေလ ၄ရက်နေ့ ကည ၉ နာရီအချိန်၌ ဝက်သတ်ကုန်းရှိ စကစ ရဲကင်းစခန်း ၁ခုက ရဲသားများသည် ရပ်ကွက်သား ၁ ဦးကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့ပြီး၊ ရိုက်နှက်ခံရသူမှာ မျက်နှာတွင်ဖူးရောင်ဒဏ်ရာရသွားခဲ့ကြောင်းသိရသည်။

ရိုက်ပုတ်ခံရသူမှာ ဦးဘမြိုင် အသက် ၄၆နှစ်ဖြစ်ပြီး အမှတ် ၄ ရပ်ကွက်၊ မြို့သစ်စုခွဲ ဝက်သတ်ကုန်းတွင် နေထိုင်ကြောင်းသိရသည်။

၎င်းမှာအရက်အနည်းငယ်သောက်ပြီး စကစ၏ဝက်သတ်ကုန်း ရဲစခန်းအနီးသို့သွားခဲ့ရာ ရဲသားများက အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး၊ သူသည် အရက်အနည်းငယ်သောက်တတ်သော်လည်း ရန်ဖြစ်မှုတစ်စုံတစ်ရာမရှိကြောင်း ဆွေမျိုးတော်စပ်သူ ၁ ​ဦး က ABN သို့ပြောသည်။

“ည ၉ နာရီလောက်ပါ၊ သူကအရက်အနည်းငယ်သောက်ထားပါတယ်၊ စကစရဲ့ ဝက်သတ်ကုန်းရှိ ရဲကင်းစခန်းအနီးကို သွားတယ်၊ ကင်းစောင့်နေတဲ့ရဲတွေကထွက်လာပြီး ရိုက်ပုတ်ကြတယ်၊ ဒဏ်ရာက မျက်နှာမှာရသွားတယ်၊ သူကအရက်အနည်းငယ်သောက်တတ်တဲ့အကျင့်ရှိပေမယ့် လူတွေနဲ့ရန်မဖြစ်ပါဘူး၊ အခုလိုလုပ်တာက လွန်တယ်” ဟု ဆိုသည်။

ရိုက်နှက်ခံရသူအား ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ