Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့အနီး မူဆလင်ရွာများကို လက်နက်ကျည်ထိ၊ ဒဏ်ရာရရှိသူသူများရှိနေ

မောင်တောမြို့အနီး မူဆလင်ရွာများကို လက်နက်ကျည်ထိ၊ ဒဏ်ရာရရှိသူသူများရှိနေ

AB News – ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့အနီး တိုက်ပွဲများအတွင်း ဒေသခံမူဆလင်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသူများအနက် ပန်းတောပြင်ရွာသစ်ရွာမှ အဖ နူရှ်ရာလောင်၏ သမီး မဆော်မီရာ အသက် ၃၂နှစ် နှင့် မမာခေလ်မာ(၈)နှစ်တို့ဖြစ်သည်။

မောင်တောမြို့အနီးရှိအကြမ်းဖက်စစ်ကောင်စီစခန်းများအားရက္ခိုင်တပ်တော် AA မှ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်းစစ်ကောင်စီ၏လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ဒေသခံမူဆလင်တချို့ထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာပြင်းထန်သူများမှာ မောင်တောခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲအတွင်း မဆော်မီရာ၏ ဘယ်ဖက်နံရိုးအောက်မှ သေနတ်ကျည် ထိုးဖော်ဝင်ရောက်ခဲ့ပြီး ကျောရိုးမကြီးအထိ သေနတ်ကျည်စထိမှန်သွားကာ ခွဲစိတ်ကုသရန်အခက်အခဲဖြစ်နေကြောင်းမိသားစုဝင်တစ်ဦးက AB News သို့ ပြောကြားသည်။

“သူ့ကိုခွဲစိတ်ကုသဖို့ လိုအပ်နေပါတယ်။ သူ့ခန္ဓာထဲကကျည်ကိုထုတ်ယူဖို့ လိုအပ်နေပါတယ်။စစ်တွေကိုလည်း သွားလို့မရဘူး။ ရန်ကုန်လည်း သွားလို့မရဘူး။ ဘင်္ဂလာကိုလည်းသွားမရတော့ အခက်အခဲတွေ့နေရပါတယ်။ ပန်းတောပြင်ရွာမှာလည်းနောက်ထပ် ဒဏ်ရာရသူတွေရှိနေပါတယ်။ သူတို့က အခု ကျေးရွာကဆေးခန်းမှာဆေးကုသမှုခံယူနေကြပါတယ်” ဟု ဆိုသည်။

ထို့အတူ ပန်းတောပြင်ကျေးရွာမှအသက် ၈နှစ်အရွယ် ကလေးမလေး မာခေလ်မာ၏ ဦးခေါင်း၌လည်း လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး မောင်တောပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိနေကြောင်းမိသားစုဝင်တစ်ဦးကပြောသည်။

“သူတို့ကဒဏ်ရာရ ရချင်း မောင်နီရွာဖက်ကို ကူးတို့ လှေနဲ့ချောင်းကူးပြီးရောက်လာခဲ့ကြတာပါ။ မနက် ၁၂ နာရီ ၁၀ မိနစ်မှာ ဆိုင်ကယ်နဲ့တင်ပြီး မောင်တောဆေးရုံကိုပို့နိုင်ခဲ့တယ်။ ကလေးမကို ချက်ချင်းဓါတ်မှန်ရိုက်ခဲ့တယ်။ အခုဆေးကုမှုခံယူနေရတယ်။ ဖြစ်တာက ကလေးတွေကအိမ်ပေါ်ကပြတင်းအနီး ကစားနေချိန်မှာ ဦးခေါင်းကျည်စ ထိခဲ့တာ” ဟု ဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက် ၁၁ နာရီကျော်အချိန်တွင်လည်း မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခလရ ၂၆၃ တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၂ ဦးသေဆုံးခဲ့သည့်အပြင် ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၁၆ ရက် ည ၁၂နာရီအချိန်တွင် ထုတ်ပြန်ခဲ့သည်။

နောက်ထပ် လက်နက်ကြီး၊ လက်နက်ငယ် ကျည်ထိ ဒဏ်ရာ၊ သေဆုံးသူများလည်း ရှိနေသေးကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသော်လည်း အသေးစိတ် အချက်အလက်များကိုမူ Arakan Bay News-ABN ကဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ