Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့မှ ဒဏ်ရာရအမျိုးသမီး ၁ဦးအပါအဝင် ၅ဦး ဘင်္ဂလားဒေ့ရှ်သို့ ဆေးကုသရန် စစ်လှေ ၁စီးဖြင့် သွားရောက်

AB News – ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့မှ စစ်ကောင်စီပစ် လက်နက်ငယ်ကျည်ထိမှန်ခဲ့သည့် ဒဏ်ရာရအမျိုးသမီး ၁ဦးအပါအဝင် ၅ဦးသည် ဆေးကုသမှုခံယူရန် ဘင်္ဂလားဒေ့ရှ်သို့ စစ်လှေ ၁စီးဖြင့် ယမန်နေ့ ညနေ  ၄ နာရီခန့်အချိန်တွင် သွားရောက်ခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၇နေ့တွင် ကော့စ်ဘဇားခရိုင်၊ တက်ကနာမြို့သို့ မောင်တောမြို့နယ်မှ  ဒဏ်ရာရအမျိုးသမီး ၁ဦးအပါအဝင် ၅ဦးသည် ဘင်္ဂလားဒေ့ရှ်သို့ စစ်လှေ ၁စီးဖြင့် သွားရောက်ခဲ့ကြောင်း ဒေသခံ ၁ဦးက ပြောသည်။

“မနေ့က ညနေအချိန်မှာ တက်ကနာမြို့ဆိပ်ကမ်းကို သူ့တို့ ရောက်လာခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်။ ဒဏ်ရာရ အမျိုးသမီးကိုတော့ ဆေးကုသမှု ခံယူနိုင်ဖို့ ကူညီနေကြတယ်” ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ကော့စ်ဘဇားခရိုင်၊ တက်ကနာမြို့နယ်၊ ShapureeDwip ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး အဆိုပါ ၅ဦးကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆေးကုသမှုခံယူနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးမှာ မောင်တောမြို့နယ်၊ ပန်းတောပြင်ရွာမှ ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ငယ်ကျည်ထိမှန်၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ယင်းနေ့တွင် ပန်းတောပြင်ရွာသစ်ရွာမှ အဖ နူရှ်ရာလောင်၏ သမီး မဆော်မီရာ အသက် ၃၂နှစ် နှင့် မမာခေလ်မာ အသက် ၈နှစ်တို့လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့်  မဆော်မီရာနှင့် မမာခေလ်မာ တို့ကို မောင်တောခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆာင်ပြီး အရေးပေါ်ဆေးကုသမူခံယူနေရကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ရက်၊ နေ့လည် ၂နာရီခွဲအချိန်တွင် မောင်တောမြို့နယ်၊ မြို့သူကြီးအခြေစိုက် နခခ ၅ တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည်  ရွှေရင်အေးရွာ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး မနွယ်ဦး အသက် ၃၀နှစ်မှာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

Website
www.arakanbaynews.com 

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ