Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ် အင်းဒင်စခန်းမှ အင်းဒင်ရွာသို့ လက်နက်ကြီးဖြင့် ပစ်မည်ဟု စကစဗိုလ်မှူးပြော၊ ရွာသားများ ထွက်ပြေးနေကြရ

မောင်တောမြို့နယ် အင်းဒင်စခန်းမှ အင်းဒင်ရွာသို့ လက်နက်ကြီးဖြင့် ပစ်မည်ဟု စကစဗိုလ်မှူးပြော၊ ရွာသားများ ထွက်ပြေးနေကြရ

AB News – နိုဝင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ စစ်ကောင်စီ အင်းဒင်စခန်းမှ အင်းဒင်ရွာထဲသို့ လက်နက်ကြီးလှမ်းပစ်မည်ဟု စစ်ကောင်စီဗိုလ်မှူးအဆင့်ကပြောဆိုသည့်အတွက် ရွာသူ/သားများအားလုံး ထွက်ပြေးနေကြရကြောင်း AB News က ထောက်လှမ်းသိရှိရသည်။

အင်းဒင်ရွာသားများသည် ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များအား ထမင်းချက်ကျွေးသည်ဟု စွပ်စွဲကာ လက်နက်ကြီးဖြင့်ပစ်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” ကျနော်တို့တွေက AA ကိုထမင်းချက်ကျွေးနေတယ် လို့ ဗိုလ်မှူးကပြောပါတယ်၊ ခင်ဗျားတို့ရွာကထွက်သွားရမယ်၊ လက်နက်ကြီးနဲ့ပစ်မယ်လို့ ပြောပါတယ် “ဟု ဆိုသည်။

ယနေ့အင်းဒင်ရွာသို့ လက်နက်ကြီးပစ်မည်ဟုစကစတပ်မှ ပြောဆိုသည့်အတွက် ရွာသားများထွက်ပြေးနေရကြောင်း သိရသည်။

အသက် ၆ အရွယ် ကလေးငယ်များသည်နေပူဒဏ်မခံနိုင်သည့်အတွက် ငိုနေကြကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် အင်းဒင်စခန်းမှ လက်နက်ကြီးပစ်၊ မပစ်ကို ပြည်သူများစောင့်ကြည့်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ည ၉ နာရီကျော်ကလည်း ၎င်းစခန်းမှ လက်နက်ကြီး ၄ ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှု၊ ရှိမရှိကို AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီ၏ ဝါဒဖြင့် Telegram ချန်နယ်များတွင်လည်း အင်းဒင်ရွာကို လက်နက်ကြီးဖြင့် ပစ်မည်ဟု ရေးသားထားသည်ကို တွေ့ရသည်။

ယမန်နေ့ညက မြို့နယ်လေးခုမှ လက်နက်ကြီးပစ်ခတ်ခဲ့သော ကျောက်တော်မြို့နယ်မှ ကန်ဇောက်တောင်တပ်ရင်း၊ စစ်တွေမြို့နယ်မှ ပါတလိတ်နှင့် အမြင့်ကျွန်းတပ်ရင်း၊ မင်းပြားမြို့မှ ကျိန်းတောင်နှင့် တန်းတောင်မြောင်တပ်ရင်၊ အမ်းမြို့နယ်မှ ကဇုကိုင်း ဗျူဟာကုန်းတို့ဖြစ်ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ