သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ် ဖားဝပ်ချောင်းရွာကို စစ်ကောင်စီတပ် မီးရှို့နေ

ရခိုင်ပြည် မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၁၃ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဖားဝပ်ချောင်း ကျေးရွာဝင်စမှ လူနေအိမ် ၃ အိမ်အား စတင်မီးရှို့ခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖားဝပ်ချောင်းကျေးရွာသို့ ယနေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပြီး ကျေးရွာသားများအားလုံးကို ဘုန်းတော်ကြီးကျောင်းတွင် စုထားပြီး ရိုက်နှိပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ဗမာစစ်တပ်က ရွာထဲသို့ ဒီနေ့ မနက်ကတည်းက ရောက်လာကြပြီး ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ စုပြီး စစ်ဆေးနေတယ်။ ရိုက်ပြီးတော့ စစ်ဆေးတာတွေလည်းရှိတယ်။ ညနေ ၄ နာရီ ၁၅ လောက်က ရွာအစက အိမ် ၃ အိမ်ကို မီးရှို့လိုက်ပြီ။ နောက်အိမ်တွေကိုလည်း မီးရှို့လာနိုင်တဲ့ အခြေအနေပါ” ဟုဆိုသည်။

ရခိုင်ပြည် ကျောက်တော်မြို့ အခြေစိုက် စကခ (၉) နှင့် စစ်ကောင်စီတပ်စခန်းများမှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ယနေ့ တရက်လုံး ရမ်းသန်း ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ် ဖားဝပ်ချောင်းရွာကို စစ်ကောင်စီတပ် မီးရှို့နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ