ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က မောင်တောမြို့နယ် ကြိမ်ချောင်း (၂၄)ဗျူဟယမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် မောင်တောမြို့နယ် ဂြစ်ချောင်းရွာထဲတွင် ပြုလုပ်နေသည့် ကလေးကင်ပွန်းတပ်ပွဲထဲကို ကျရောက်ပေါက်ကွဲ၍ ရွာသား ၁၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ ၂၂ ဦးထိ ရှိခဲ့ရကြောင်း ရွာသားတစ်ဦးက ABN ကိုအတည်ပြု ပြောကြားသည်။
စစ်ကောင်စီတပ်က ရွာထဲဝင်ရောက်လာ၍ ရွာသားများမှာ ထွက်ပြေး တိမ်းရှောင်နေရသဖြင့် သေဆုံးသူများကို ယနေ့ ညနေ ၄ နာရီခန့်က သင်္ဂြိုလ်ရန် ပြင်ဆင်နေကြသော်လည်း အလောင်း မြေချရန် အခက်အခဲ ဖြစ်နေကြောင်း ပြောသည်။
ထိုဂြစ်ချောင်းရွာမှာ မြိုကျေးရွာဖြစ်ကြောင်းသိရသည်။
အသေးစိပ်ကို စုံစမ်းနေဆဲ




