Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်မှ အမျိုးသမီး ၁ဦး စစ်ကောင်စီပစ်လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံး

မောင်တောမြို့နယ်မှ အမျိုးသမီး ၁ဦး စစ်ကောင်စီပစ်လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံး

AB News – ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ယနေ့ နေ့လည် ၂နာရီခွဲအချိန်တွင် ဒေသခံအမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးခဲ့သူမှာ  မောင်တောမြို့နယ်၊ရွှေရင်အေးကျေးရွာမှ မနွယ်ဦး ၃၀နှစ် ဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၇ရက်၊ နေ့လည် ၂နာရီခွဲအချိန်တွင် မောင်တောမြို့နယ်၊ မြို့သူကြီးအခြေစိုက် နခခ ၅ တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည်  ရွှေရင်အေးရွာ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး မနွယ်ဦး ကို လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

​ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ငယ်ထိမှန်ပြီး မောင်တောမြို့နယ်၊ ပန်းတောပြင်ရွာသစ်ရွာမှ အဖ နူရှ်ရာလောင်၏ သမီး မဆော်မီရာ အသက် ၃၂နှစ် နှင့် မမာခေလ်မာ ၈နှစ်တို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး ၂ဦးမှာ မောင်တောခရိုင်ဆေးရုံတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက် ၁၁ နာရီကျော်အချိန်တွင်လည်း မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခလရ ၂၆၃ တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၂ ဦးသေဆုံးခဲ့သည့်အပြင် ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၁၆ ရက် ည ၁၂နာရီအချိန်တွင် ထုတ်ပြန်ခဲ့သည်။

Website
www.arakanbaynews.com 

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ