မောင်တောမြို့နယ် ရွှေတောင်ကျေးရွာမှ ဝါးခုတ်ရန်သွားသည့် ရွာသား၂ဦးမှာ ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက နေအိမ်သို့ ပြန်မရောက်ဘဲ ပျောက်နေသည်ဟုသိရသည်။
ပျောက်ဆုံးနေသူများမှာ မောင်တောမြို့နယ် ရွှေတောင် ကျေးရွာမှ ဦးသိန်းထွန်းနှင့် လှကျော်ထွန်းတို့ဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးမှ ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်က ABN ကိုပြောသည်။
“ဟုတ်ပါတယ် သူတို့က ယမန်နေ့ နံနက်ပိုင်းက ဝါးခုတ်သွားကြတာပါ။ ညနေ ၅ နာရီရောက်မလာတော့ မိသားစုတွေအကုန်စိတ်ပူနေကျပါတယ်” ဟုပြောသည်။
ပျောက်နေ့သည့်ရွာသား ၂ ဦးကို ယနေ့နံနက် ၆နာရီကျော်အချိန်မှစ၍ ရွာသူ ရွာသားများ စုပေါင်းလိုက်ရှာကြရာ ၁၀ နာရီခန့်က သူတို့ စီးသွားသည့် ဖိနပ် ၂ ရံတို့ကို တွေ့ထားပြီဖြစ်ကြောင်း လိုက်ရှာရာတွင် ပါဝင်သည့် ရွာသားတစ်ဦးက ပြောသည်။
“ကျနော်တို့ ရွာသားတွေ ဝိုင်းရှာနေတာ ၁၀ နာရီလောက်မှာ သူတို့ရဲ့ ဖိနပ်တွေကို တွေ့ထားပါပြီ။ လူကိုတော့ မတွေ့ရသေးပါဘူး” ဟုပြောသည်။

