Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် ပဲရွန်းတောင် (ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏ စခန်းအား ရက္ခိုင့်တပ်တော်က သိမ်းပိုက်

မောင်တောမြို့နယ်တွင် ပဲရွန်းတောင် (ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏ စခန်းအား ရက္ခိုင့်တပ်တော်က သိမ်းပိုက်

AB News – ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊  မောင်တောမြို့နယ်တွင် ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏ စခန်းအား ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ကြောင်း AA ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် “ရက္ခိုင်ဒေသအတွင်း၌လည်း လက်နက်ချအညံ့မခံသော စခန်းများထဲမှ တစ်ခုဖြစ်သည့် မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏ စခန်းအား ရက္ခိုင့်တပ်တော်မှ ယနေ့  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၉ ရက်နေ့၊ နံနက် ၇ နာရီခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၉ နာရီအကြာ ထိုးစစ်အပြီး ညနေ ၄ နာရီ ၃၀ မိနစ်တွင် ၎င်းစခန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရယူနိုင်ခဲ့သည်” ဟု ထုတ်ပြန်သည်။

၎င်းတိုက်ပွဲအတွင်း ရန်သူသည် လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီအဖွဲ့၏ အလောင်း ၁၀ ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ပြီး လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို  လိုက်လံရှင်းလင်းလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုထက်ထိ အညံ့မခံသော စစ်ကောင်စီ၏ စခန်းတိုင်းကို ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းသည့် လက်နက်ခဲယမ်းများ

Website
www.arakanbaynews.com 

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ