Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် တောရိုင်းဆင်နင်းခံရ၍ အမျိုးသားတစ်ဦးသေဆုံး

ABN-ရှိုင်းမိုး

ဇွန် ၇ရက်

မောင်တောမြို့နယ်တွင် ယနေ့ နံနက်ပိုင်းအချိန်က တောရိုင်းဆင်နင်း၍အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ဆင်နင်းခံရ၍ သေဆုံးသွားသည့် အမျိုးသားမှာ မောင်တောမြို့နယ်၊ တပ်ဦးချောင်းအုပ်စု၊ ကံပြင်သာစည်ရွာမှ အသက် ၃၆နှစ်အရွယ် ကိုမောင်နေဝင်း ဖြစ်သည်။

သူသည် ယနေ့အရုဏ် ၃ နာရီအချိန်ခန့်တွင် တစ်ရွာတည်းနေ ကိုခင်မောင်သန်း နှင့်အတူ ရွာအရှေ့ဖက်ရှိ လယ်ကွင်းတွင် ဖားရှာနေစဥ် တောရိုင်းဆင်နှင့်တွေ့၍ သူတို့နှစ်ဦးကို တိုက်ခိုက်သောကြောင့် ကိုမောင်နေဝင်းမှာ ဆင်နင်းခံရ၍ သေဆုံးသွားပြီး၊ ကိုခင်မောင်သန်းမှာ ထွက်ပြေး၍ လွတ်မြောက်သွားခဲ့သည်ဟု ကံပြင် သာစည်ရွာမှ ရွာသား ၁ ဦးကပြောသည်။

” မနက်စောစော ဖားရှာထွက်ကြတာ၊ ကိုမောင်နေဝင်းက ဘယ်ခြေထောက်သိပ်အားမရဘူး၊ ဆင်လိုက်လို့ ၂ယောက်လုံးထွက်ပြေးကြတာ၊ အဲဒါ ဘယ်ခြေထောက်အားမရတဲ့ ကိုမောင်နေဝင်းက အနင်းခံလိုက်ရတဲ့နေရာမှာ သေသွားတယ်” ဟု ပြောသည်။

မောင်နေဝင်း၏အလောင်းကို ယနေ့နံနက် ၄ နာရီလောက်က ရွာသားများသွားရောက်ပြီး သယ်ယူခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မေ ၂၇ ရက်နေ့တွင်လည်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာမှ ရွာသားတစ်ယောက် မယူတောင်​ခြေရင်းရှိ ကိုယ်ပိုင် ဥယာဉ်ခြံထဲ၌ တောင်ယာလုပ်ကိုင်နေစဥ် တောရိုင်းဆင်အနင်းခံရ၍ သေဆုံးခဲ့သည်။

ဓာတ်ပုံ-APM

မောင်တောမြို့နယ်တွင် တောရိုင်းဆင်နင်းခံရ၍ အမျိုးသားတစ်ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ