Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည်ထိမှန်ပြီး ကြိမ်ချောင်းရွာက ဒေသခံ ၁ဦး ဒဏ်ရာရ 

မောင်တောမြို့နယ်တွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည်ထိမှန်ပြီး ကြိမ်ချောင်းရွာက ဒေသခံ ၁ဦး ဒဏ်ရာရ 

(ရွာသား ၄၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရ)

AB News – ဖေဖော်ဝါရီလ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီပစ်လက်နက်ကြီးကျည်ထိမှန်ပြီး ကြိမ်ချောင်းရွာက ဒေသခံ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

မောင်တောမြို့နယ်၊ ​ကြိမ်ချောင်းကျေးရွာက အသက် ၃၅နှစ် အရွယ် အမျိုးသား ၁ဦး၏ ဝမ်းဗိုက် နှင့်ခြေချောင်း၌ ဒဏ်ရာ
ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ရက်နေ့ ညနေပိုင်းအချိန်တွင် ကြိမ်ချောင်းကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၇ ကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် နခခ ၁၀၏ လှဖိုးခေါင် နှင့် ကျီးကန်းပြင်ဌာနချုပ်မှ လက်နက်ကြီးပစ်ကူများ အဆက်မပြတ်ပစ်ခတ်နေသည့်အတွက် ကြိမ်ချောင်းရွာမှ ရွာသား ၄၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ညီနောင် ၃ဖွဲ့၏ ထုတ်ပြန်ချက်တွင် “ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြိမ်ချောင်းကျေးရွာအနီး၌ စစ်ကောင်စီ၏ ကြိမ်ချောင်း နယ်ခြားစောင့်စခန်း (တစ်နည်း) နခခ ၇ သည် လက်နက်ချအညံ့မခံသောကြောင့် မိမိတို့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်” ဟု ဖော်ပြခဲ့သည်။

 ကြိမ်ချောင်း နယ်ခြားစောင့်စခန်းသည် စစ်ကောင်စီမှ နှစ်ရှည်လများအခြေချတပ်စွဲထားကာ အရပ်သားပြည်သူများနေထိုင်ရာနေရာ များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည့် စခန်းများထဲမှ တစ်ခုဖြစ်သည်။

 ရက္ခိုင့်တပ်တော်အနေဖြင့် လက်နက်ချအညံ့မခံသောစခန်းတိုင်းအား ယခင်စခန်းများနည်းတူ ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ