Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည် ထိမှန်ပြီး ၁၈နှစ်အောက်အရွယ် အမျိုးသမီး၂ဦးအပါအဝင် ၃ဦး ထိခိုက်ဒဏ်ရာရ

AB News – ဇန်နဝါရီ ၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ယနေ့ဇန်နဝါရီလ ၄ ရက်၊ မနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ၁၈နှစ်အောက်အရွယ် အမျိုးသမီး၂ဦးအပါအဝင် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသူမှာ မောင်တောမြို့နယ်၊ ကန်သာယာအထက်ကျေးရွာမှ မနုနုဝေ ၁၁နှစ်၊ မစံပယ်မိုး၁၇နှစ်၊ ဦးကောင်းလှညို ၇၅နှစ်တို့ဖြစ်သည်။

ယနေ့ဇန်နဝါရီလ ၄ ရက်၊ မနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး မောင်တောမြို့နယ်၊ ကန်သာယာအထက်ကျေးရွာမှ ၁၈နှစ်အောက်အရွယ် အမျိုးသမီး၂ဦးအပါအဝင် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။

“ဒီနေ့ မနက် ၁၁နာရီကျော်အချိန်မှာ နခခ ၅ တပ်ရင်းက လက်နက်ကြီး ၁၀လုံး ပစ်ခတ်တယ်။ လက်နက်ကြီး ၁လုံးဟာ ကန်သာယာအထက်ကျေးရွာက ဦးကောင်းလှညို နေအိမ်မှာ ကျရောက်ပေါက်ကွဲတယ်။ အဲ့ဒါကြောင့် ဦးကောင်းလှညိုမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ နောက် ၁လုံး ရွာလယ်မှာ ​ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့ နခခ ၅ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီကျည် ထိမှန်ပြီး ​ဦးကောင်းလှညို၏ နေအိမ်မှာလည်း ပျက်စီးခဲ့ရသည်။

စစ်ကောင်စီအဖွဲ့ နခခ ၅ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီကျည် ထိမှန်ပြီး မနုနုဝေ၊ မစံပယ်နှင့် ဦးကောင်းလှညိုတို့မှာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိမှာ မောင်တောမြို့မဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ရက်နေ့ကလည်း စစ်ကောင်စီအဖွဲ့သည် စစ်ဖက်နှင့်မသက်ဆိုင်သည့် ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာသို့ ဒရုန်းဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၃နှစ်အရွယ်ကလေးငယ် ၁ဦးအပါအဝင် အမျိုးသား ၁ဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ