Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ပစ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံ ၄ဦး ဒဏ်ရာရ

မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ပစ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံ ၄ဦး ဒဏ်ရာရ

AB News – ဇန်နဝါရီ ၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့ နံနက် ၈နာရီကျော်အချိန်တွင် ဒေသခံ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသူများမှာ မောင်တောမြို့နယ်၊ ကိုင်းကြီးအောက်ရွာမှ မထွေး ၁၇နှစ်၊ ကိုအောင်နိုင်ဌေး ၂၇နှစ်၊ မရောလှိုင် ၁၁နှစ်၊ မောင်မင်းလှိုင် ၂၀နှစ်တို့ ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ရက်နေ့ နံနက် ၈နာရီကျော်အချိန်တွင် စစ်ကောင်စီအဖွဲ့ မောရဝတီဗျူဟာကုန်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ၁၈နှစ်အောက်အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၂ဦး ထိခိုက်ရရှိခဲ့သည်ဟု ကျေးရွာသား ၁ဦးက AB News သို့ ပြောကြားသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ရက်နေ့ မနက် ၈နာရီကျော်မှာ စစ်ကောင်စီအဖွဲ့ မောရဝတီကုန်းက လက်နက် ကြီးတွေ တရစပ် ပစ်ခတ်တယ်။ လက်နက်ကြီး ၄လုံးဟာ ကျနော်တို့ ကိုင်းကြီးအောက်ရွာမှာ ကျရောက်ပေါက်ပြီး ၄ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။

ယမန်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီသည် ကိုင်းကြီးအောက်ရွာ၊ ကိုင်းကြီးအထက်ရွာအနီးသို့ လက်နက်များ အဆက်မပြတ်ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာသားများမှာ ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ