Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် စစ်ကောင်စီနေဗီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး နွား ၂ကောင်သေဆုံး၊  ၁ကောင် ​​ခြေ ၁ဖက်ပြတ်သွား

မောင်တောမြို့နယ်တွင် စစ်ကောင်စီနေဗီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး နွား ၂ကောင်သေဆုံး၊  ၁ကောင် ​​ခြေ ၁ဖက်ပြတ်သွား

AB News – ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄

မောင်တောမြို့နယ်တွင် ကျောက်ပန္ဒူကျေးရွာ၏ အနောက်ဘက် ပင်လယ်ပြင်၌ ကျောက်ချထားသည့် စစ်ကောင်စီနေဗီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ယနေ့ နံနက် ၈နာရီ၊ ၅၀ မိနစ်ခန့်အချိန်တွင် နွား ၂ကောင်သေဆုံးကာ နွား ၁ကောင် ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ နံနက် ၈နာရီ၊ ၅၀ မိနစ်ခန့်အချိန်တွင်  စစ်ကောင်စီနေဗီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး မောင်တောမြို့နယ်က နွား ၂ကောင်သေဆုံးကာ နွား ၁ကောင်မှာ ခြေ ၁ဖက် ပြတ်ထွက်သွားခဲ့သည် ဟု ဒေသခံ ၁ဦးက ပြောသည်။

“ဒီနေ့ မနက် ၈နာရီ၊ ၅၀မိနစ်ခန့် အချိန်မှာ လက်နက်ကြီးကျည်စထိမှန်ပြီး ခရေမြိုင်ကျေးရွာက နွား ၂ကောင် သေဆုံးခဲ့တယ်။ နွား ၁ကောင် ဒဏ်ရာရခဲ့တယ်။ ကျောက်ပန္ဒူရွာရဲ့ အနောက်ဘက် ပင်လယ်ပြင်မှာ ကျောက်ချထားတဲ့ စစ်ကောင်စီ နေဗီက ပစ်ခတ်နေတာလို့ သိရတယ်” ဟု ဆိုသည်။

စစ်ကောင်စီနေဗီက ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်ပြီး မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာမှ ဦးမောင်လှသိန်း ၄၂နှစ် ပိုင်ဆိုင်သည့် နွား၂ကောင် သေဆုံးခဲ့သည့်အပြင် ကျန်နွား ၁ကောင်မှာ ခြေ ၁ဖက် ပြတ်တောက်သွားကြောင်း သိရသည်။

အဆိုပါ စစ်နေဗီသည် မောင်တောမြို့နယ်ရှိ ခရေမြိုင်ကျေးရွာနှင့် ရွှေရင်အေးရွာ၏ အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

Website
www.arakanbaynews.com    
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ