Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် စစ်ကောင်စီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂ဦးထွက်ပြေး

မောင်တောမြို့နယ်တွင် စစ်ကောင်စီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂ဦးထွက်ပြေး

ABN-ရှိုင်းမိုး

မေလ ၉ရက်နေ့ ညပိုင်းတွင် မောင်တောမြို့ မြောက်ပိုင်​ရှိ ကျီးကန်ပြင်နယ်ခြားစောင့်တပ်စခန်းမှ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂ဦးထွက်ပြေးခဲ့သည်ဟုသိရသည်။

ထွက်ပြေးသွားသောစစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂ဦးမှာ ဝင်းထွန်းဇော်နှင့်ဇင်မင်းဦးတို့ဖြစ်သည်။

“သူတို့က ရဲတွေပါ၊ စစ်သားတွေမဟုတ်ပါဘူး၊ ၉ရက်နေ့ ည ၁၂နာရီလောက်ကထွက်ပြေးသွားတယ်လို့ တခြားလိုက်ရှာနေကြတဲ့ရဲတွေဆီကကြားရပါတယ်၊ ရှာမတွေ့ဘူးလို့သိရပါတယ်” ဟုမောင်တောဒေသခံတစ်ဦးက ပြောသည်။

ထို တပ်ဖွဲ့ဝင်နှစ်ဦး ထွက်ပြေးသွားသည့်နောက်ပိုင်း စစ်ကောင်စီမှ မောင်တော-အငူမော်ကားလမ်း၊ မောင်တော-ဘူးသီးတောင်ကားလမ်း အပါအဝင် အနီးအနားပတ်ဝန်းကျင်ရှိရွာများကိုလည်း အင်အားအများအပြားဖြင့်လိုက်၍ရှာဖွေနေသည်ဟုသိရသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း ထိုကျီးကန်းပြင်ဌာနချုပ်လက်အောက်ခံ နခခ(၆) နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် ၄ ယောက် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ